Wednesday, January 27, 2016

ကလေးခိုးယူမှု သတင်းများမှာ ကောလဟာလ သာဖြစ်ကြောင်း ရှင်းလင်း




 
 စေတုတ္တရာ      ဇန်န၀ါရီ     ၂၅

ယခုရက်ပိုင်းအတွင်း ကလေးများကို ခိုးယူနေသည်ဆိုသော သတင်းများမှာ ကောလဟလသတင်းများ သာဖြစ်ကြောင်း ပြည်သူများ သိရှိစေရန် ရှင်းလင်းပွဲကို မကွေးတိုင်းဒေသကြီး စေတုတ္တရာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့ နံနက် ၉ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှင်းလင်းပွဲတွင် စေတုတ္တရာမြို့နယ်ရဲတပ်ဖွဲ့မှူးက ယခု ဇန်န၀ါရီလဆန်းပိုင်းမှစ၍ ကလေးများ ခိုးယူနေ သည်ဟူသော သတင်းများကို သက်ဆိုင်ရာက စိစစ်စုံစမ်းခဲ့ရာ သတင်းအားလုံးမှာ ကောလဟလသတင်း များသာဖြစ်ကြောင်း ၊ကောလဟလသတင်း အမှားဖြန့်ချီသူများကို ဖော်ထုတ်၍ သက်ဆိုင်ရာသို့ အကြောင်း ကြားစေလိုကြောင်း ၊ကလေးခိုးသည်ဟု သင်္ကာမကင်းသူများကို စိစစ်မှုမရှိဘဲ လူအုပ်စုလိုက် ၀ိုင်းရိုက်မှုမျိုး မပြုလုပ်စေကြောင်း၊သတင်းများမှန်ကန်ပါက ဥပဒေနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယခုသတင်း ထွက်နေသည့် ကလေးခိုးမှုသတင်းများမှာ လုံးဝမဟုတ်သော ကောလဟလသတင်းများသာဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ရှင်းလင်းဆွေးနွေးပွဲသို့ တက်ရောက်လာသည့် ပြည်သူများက သိရှိလိုသည့် မေးမြန်းချက်များကို မြို့နယ်ရဲတပ်ဖွဲ့မှူးမှ ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြောင်းနှင့် အလားတူ ရှင်လင်းပွဲ များကို ရဲစခန်းအပိုင်အလိုက် ရပ်ကွက်/ကျေးရွာများသို့  ဆက်လက်ကွင်းဆင်း ဆောင်ရွက်သွားမည်ဖြစ် ကြောင်း  သိရှိရသည်။
 သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment