Wednesday, January 27, 2016

ဆောင်းခရမ်းများ ထွက်နှုန်းကောင်း၍ ၀င်ငွေကောင်းလျက်ရှိ



ပွင့်ဖြူ      ဇန်န၀ါရီ      ၂၇
၂၀၁၅-ခုနှစ်၊ဇူလိုင်လတွင် ရေကြီးနှစ်မြုပ်ဒေသဖြစ်သော မကွေးတိုင်းဒေသကြီး၊ပွင့်ဖြူမြို့နယ် မုန်းချောင်းအနီး ၀န်းကျင်ရှိ ကျေးရွာများတွင် ဆောင်းခရမ်းများ ထွက်နှုန်းကောင်း၍ ၀င်ငွေကောင်းလျက်ရှိသည်။
          ဆောင်းခရမ်းစိုက်ပျိုးရာတွင် သီတင်းကျွတ်လ၌ စတင်စိုက်ပျိုးပြီး နတ်တော်လမှစတင် ဆွတ်ခူးရောင်းချ ကြသည်။ ကိုင်းမြေ(၁)ဧကလျင် ခရမ်းပင် (၁၇၀၀)မှ (၂၀၀၀)ပင်ထိ စိုက်ပျိုးနိုင်ပြီး (၃)လကြာလျင် တစ်ဧက တစ်ကြိမ် ဆွတ်ခူးလျင် ဆောင်းခရမ်းအလုံးရေ( ၂၀၀၀)လုံးခန့်ထွက်ရှိပြီး (၃)ရက် တစ်ကြိမ် ပုံမှန်ဆွတ်ခူးရရှိရောင်းချရသည်။
          ဆောင်းခရမ်းစိုက် တောင်သူ ပွင့်ဖြူမြို့နယ် ဒေးဒရဲကျေးရွာက ဦးကျော်ဆန်းလင်း မှ ယခုနှစ် ရေကြီးလို့ ခရမ်းစိုက် အနည်းငယ်နောက်ကျသွားတာကြောင့် ခရမ်းပေါ်ကာစ မှာ တစ်လုံး (၂၀၀)ကျပ်ထိ ရရှိပြီး ယခုဖောက်သည်ပေးရတာ တစ်လုံး (၁၀၀)ကျပ်ပဲရရှိတယ်၊ ထွက်နှုန်းကောင်းလို့ စိုက်စရိတ်ကျေးတဲ့အပြင် အမြတ် အစွန်းလည်းရရှိလို့ ၀င်ငွေကောင်းပါတယ် ဟုပြောကြား၍ သိရှိရသည်။
          အဆိုပါ ပွင့်ဖြူမြို့နယ်မှ ထွက်ရှိသော ဆောင်းခရမ်း အရှည်/အ၀ိုင်း များကို မင်းဘူးမြို့မဈေးမှ တဆင့် မကွေး၊ရန်ကုန် မြို့ကြီးများထိ တင်ပို့ ရောင်းချပေးနေလျက်ရှိကြောင်းသိရှိရသည်။
သူရထွန်း(ပွင့်ဖြူ)

0 comments:

Post a Comment