Saturday, January 2, 2016

သပြေပင်ကျေးရွာ အထက(ခွဲ)ဘော်ဒါဆောင် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆို ဖွင့်လှစ


အောင်လံ    ဇန်န၀ါရီ      ၂
       သရက်ခရိုင် အောင်လံမြို့နယ် သပြေပင်ကျေးရွာ အ.ထ.က(ခွဲ)ကျောင်းတွင် (၆၈)နှစ်မြောက် လွတ်လပ်ရေးနေ့ကို
ဂုဏ်ပြုကြိုဆိုသောအားဖြင့် ကျောင်းသား/ကျောင်းသူများနေထိုင်ရန်ဘော်ဒါဆောင်(၂)ဆောင်ဖွင့်ပွဲ အခမ်းအနားကို ဇန်န၀ါရီ(၁)ရက်နေ့ နံနက်(၈း၃၀)နာရီအချိန်က အဆိုပါ ဘော်ဒါဆောင် အဆောက်အဦးရှေ့တွင် ကျင်းပသည် ။
         အခမ်းအနားတွင် ရှေးဦးစွာ ကျောင်သား/ကျောင်သူလေးများမှ အကများဖြင့် ဧည့်ခံဖျော်ဖြေကြပြီး    မကွေးတိုင်း
ဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစန်းလွင်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဆင့်တို့မှ အမှာစကားများ ပြောကြား
ကြကာ မြို့နယ်စည်ပင်သာယာရေးအင်ဂျင်နီယာမှ  အဆောက်အဦဆောက်လုပ်ခြင်းနှင့်  ပတ်သက်၍     ရှင်းလင်းပြော
ကြားခဲ့သည်၊ထို့နောက် ကျောင်းကော်မတီဥက္ကဌ ဦးဝင်းမြင့်က ကျေးဇူတင်စကားပြန်လည်ပြောကြားသည်။
ဘော်ဒါဆောင်ကို သရက်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင် ၊  တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစန်းလွင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဆင့် ၊ ဒု-ပညာရေးမှူး ဦးစိုးနိုင် ၊ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်စိုးဝင်းတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ကြပြီး ဘော်ဒါဆောင်များအတွင်း လှည့်လည်ကြည့်ရှုခဲ့ကြသည်။ အဆိုပါ ဘော်ဒါဆောင်(၂) ဆောင် သည် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် တည်ဆောက်သော (၃၀’ X ၂၀’ X ၁၁’ ) ရှိ  အဆောက်အဦးများဖြစ်ပြီး     နယ်ဝေးမှလာရောက် ပညာသင်ကြားသော    ကျောင်းသား/ကျောင်းသူများ အတွက်     အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးထားခြင်းဖြစ်၍ များစွာအကျိုးရှိမည် ဖြစ်ကြောင်း သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment