ပွင့်ဖြူ ဇန်န၀ါရီ ၁၂
မကွေးတိုင်းဒေသကြီး၊ပွင့်ဖြူမြို့နယ်၊
မဒဲကျေးရွာအုပ်စု၊သစ်ပုတီးကုန်းကျေးရွာတွင် ဇန်န၀ါရီလ (၁၁) ရက်နေ့ နံနက်(၉)နာရီက အလှူရှင်
ဦးအောင်ရွှေ လှူဒါန်းသော ပညာဘဏ် စာကြည့်တိုက် အဆောက်အဦသစ်နှင့် စာအုပ်/စာစောင်၊ပရိဘောဂများလှူဒါန်းပွဲကို
အဆိုပါ စာကြည့်ုတိုက်၌ ကျင်းပခဲ့သည်။
ပညာဘဏ် စာကြည့်တိုက် ဖွင့်ပွဲအခမ်းအနားတွင်
အလှူရှင် ဦးအောင်ရွှေမှ မိမိမွေးဖွားရာဖြစ်သော
ဇာတိမြေမှ ဒေသခံပြည်သူများ အသိဥာဏ်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် စာကြည့်တိုက် ဆောက်လုပ်
လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ၊မြိုနယ်ပြန်/ဆက်ဦးစီးဌာန၊မြို့နယ်ဦးစီးမှူး
ဒေါ်မေသန္တာအောင်မှ စာကြည့်တိုက် ရေရှည်တည်တံ့ရေးနှင့်
စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကို ရှင်းလင်း ဟောပြောကာ သုတ/ရသ စာအုပ်(၁၀၀)အား လှူဒါန်းပေးအပ်ခဲ့သည်။
ဆက်လက်၍ စာကြည့်တိုက်ဖွင့်ပွဲ
အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို ပျော်ရွှင်စွာ ကျင်းပဆောင်ရွက်ပေးခဲ့ရာ ဆုရရှိသော
ကလေးငယ်များအား စာကြည့်တိုက်အလှူရှင်းနှင့် စာကြည့်တိုက် ကော်မတီဝင်များမှ ဆုများအသီးသီး
ချီးမြှင့်ပေးအပ်ခဲ့သည်။
အဆိုပါ စာကြည့်တိုက်သည်
တန်းဘိုး(၁၇)သိန်းဖြင့်၊ အလျား (၁၅)ပေ၊အနံ(၉)ပေရှိ တစ်ထပ်/သွပ်မိုး/ကွန်းကရစ်ခင်း အဆောက်အဦအား
ဆောက်လုပ်လှူဒါန်းခဲ့ခြင်းဖြစ်ပြီး ကျေးလက်နေ ပြည်သူများ အသိပညာ၊ဗဟုသုတ တိုးပွားရရှိစေရန်
ရည်ရွယ် ဆောက်လုပ်လှူဒါန်းပေးခြင်းဖြစ်ကြောင်း သိရှိရသည်။
သူရထွန်း(ပွင့်ဖြူ)
0 comments:
Post a Comment