Sunday, January 17, 2016

မင်းဘူး မြို့ အ.ထ.က ကျောင်းခွဲ၊မြို့မ ပညာရေးစုံညီပွဲတော်ကျင်းပ

မင်းဘူး       ဇန်န၀ါရီလ      ၁၄
မင်းဘူးမြို့၊အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၊မြို့မ၏ ၂၀၁၅-၂၀၁၆ ပညာသင်နှစ် ပညာရေးစုံညီပွဲ တော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ဇန်န၀ါရီလ(၁၄)ရက်နေ့ နံနက်(၉)နာရီက အဆိုပါကျောင်းရှိ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်းမှ အဖွင့်အမှာစကားပြောကြားပြီး၊မြို့နယ်ပညာရေး မှူး ဒေါ်အေးအေးမှ ပညာရေးစုံညီပွဲတော်၏ရည်ရွယ်ချက်၊ အနှစ်သာရများကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မြို့မ ကျောင်းအုပ်ဆရာကြီး မှ ပညာသင်နှစ်တစ်နှစ်တာ အတွင်း ကျောင်းဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ခဲ့မှုများကို ရှင်းလင်းပြောကြားပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်းနှင့် တာဝန်ရှိသူများမှ ထူးချွန်ဆရာ/ဆရာမများ၊ရုံးဝန်ထမ်းများ၊ထူးချွန်ကျောင်းသား/ကျောင်းသူ များအား ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် ဆုများကို အသီးသီးချီးမြှင့်ပေးအပ်ခဲ့သည်။
ဆက်လက်၍ အ.ထ.က(ခွဲ)မြို့မ ကျောင်းသား/ကျောင်းသူလေးများမှ အကပဒေသာများဖြင့် ဖျော်ဖြေ ခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။အဆိုပါ ဆုချီးမြှင့်ပွဲသို့ ကျောင်းဆရာ/ဆရာမများ ၊ကျောင်းသားမိဘများ၊ ဆုရကျောင်းသား/ကျောင်းသူ(၁၃၁)ဦးနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြောင်းသိရှိရသည်။
သူရထွန်း(ပွင့်ဖြူ)

0 comments:

Post a Comment