Wednesday, January 6, 2016

၂၀၁၅-၂၀၁၆ပညာသင်​နှစ်​မြို့နယ်​ အဆင့်​ပညာ​ရေးစုံညီပွဲ​တော်​ကျင်းပ


  နတ်​​မောက်​           ဇန်​နဝါရီ ၃
  မ​ကွေးတိုင်း​ဒေသကြီးနတ်​​မောက်​မြို့၌၂၀၁၅-၂၀၁၆ပညာသင်​နှစ်​မြို့နယ်​အဆင့်​ပညာ​ရေးစုံညီပွဲ​တော်​ ကိုဇန်​နဝါရီ၃ရက်​နံနက်​၈နာရီကအမှတ်​(၁)အ​ခြေခံပညာအထက်​တန်း​ကျောင်းခန်းမတွင်​ကျင်းပသည်​။
  အခမ်းအနားတွင်​မြို့နယ်​အုပ်​ချုပ်​​ရေးမှူးဦး​ဌေး​အောင်​၊ဒု-မြို့နယ်​ပညာ​ရေးမှူးဦးခင်​​မောင်​​ဆွေတို့မှအဖွင့်​အမှာစကား​ပြောကြားခဲ့ပြီးမြို့နယ်​အုပ်​ချုပ်​​ရေးမှူးကမြို့နယ်​အဆင့်​ပညာ​ရေးဌာန၏သင်​​ထောက်​ကူပြိုင်​ပွဲ၌ဆုရရှိသည့်​​ကျောင်းများအားဆုများချီးမြှင့်​ခဲ့သည်​။ထို့​နောက်​၂၀၁၅-၂၀၁၆ပညာသင်​နှစ်​အတွက်​တစ်​ဘာသာချင်းထူးချွန်​သူ၊ဘက်​စုံထူးချွန်​သူနှင့်​လွတ်​လပ်​​ရေး​နေ့အထိမ်းအမှတ်​စာစီစာကုံးဆုရ​ကျောင်းသာ/သူများအားဌာနဆိုင်​ရာအကြီးအကဲများကဆုများအသီးသီးချီးမြှင့်​​ပေးခဲ့​ကြောင်းသိရသည်​။        လှဝင်း(နတ်​​မောက်​)

0 comments:

Post a Comment