Sunday, January 17, 2016

အမှုထမ်းများအဆင့်မြှင့် သမ၀ါယမသင်တန်း အမှတ်စဉ်(၂/၂၀၁၅-၂၀၁၆)ဖွင့်လှစ်


မကွေး     ဇန်န၀ါရီ     ၁၄
သမ၀ါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သမ၀ါယမအသင်းများ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို ပိုမိုစွမ်းဆောင်ရည်ပြည့်ဝစွာ ဆောင်ရွက်နိုင်ရန်အတွက် သမ၀ါယမဦးစီးဌာန အဆင့်ဆင့်ရှိ အကြီးတန်းစာရေးနှင့်ဌာနခွဲစာရေးများအား အရည်အချင်းမြှင့်တင်ပေးသည့် အမှု ထမ်းများအဆင့်မြှင့် သမ၀ါယမသင်တန်း အမှတ်စဉ်(၂/၂၀၁၅-၂၀၁၆)ကို သမ၀ါယမသင်တန်း ကျောင်း(မကွေး)တွင် (၁၄-၁-၂၀၁၆) မှ (၂၇-၁-၂၀၁၆) ထိ(၁၄) ရက်ကြာ ဖွင့်လှစ်ပို့ချသွားမည် ဖြစ်သည်။
သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက သမ၀ါယမသင်တန်းကျောင်းတွင် ကျင်းပရာ တိုင်းဒေသကြီး သမ၀ါယမဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးနိုင်အောင်က အဖွင့် အမှာစကားပြောကြားသည်။ အဆိုပါသင်တန်းသို့ တိုင်းဒေသကြီးအတွင်းရှိ သမ၀ါယမဦးစီးဌာန အဆင့်ဆင့်မှ သင်တန်းသား(၄၀)ဦးတက်ရောက်မည်ဖြစ်သည်။
သင်တန်းတွင် စဉ်းစားတွေးခေါ်မှု ပြောင်းလဲခြင်း ဘာသာရပ်(Change of the Mindset) ဘဏ္ဍာရေးစည်းမျဉ်း၊ စာရင်းရေး၊ စာရင်းကိုင်၊ သမ၀ါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် Micro Capital Loan လယ်ယာသုံး လုပ်ငန်းသုံးစက်က်ရိယာများအား အရစ်ကျရောင်းချရာတွင် လိုက်နာ ရမည့်အချက်များ၊သမ၀ါယမ ကျင့်ဝတ်၊ သဘောတရားနှင့် အသင်းဥပဒေ၊ နည်းဥပဒေ၊ စာရင်းစစ် ဆေးခြင်းနှင့် ကမ္ဘာ့နိုင်ငံအသီးသီးတွင် အောင်မြင်နေသော သမ၀ါယမ အသင်းများ၏ မူဝါဒနှင့် လုပ်ဆောင်ချက် ဘာသာရပ်များကို တိုင်းဒေသကြီးဦးစီးဌာနမှ အရာထမ်းများ၊ သင်တန်းကျောင်း အုပ်ကြီးနှင့် နည်းပြများက စာတွေ့ လက်တွေ့ သင်ကြားပို့ချသွားမည် ဖြစ်ကြောင်း သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment