Wednesday, January 6, 2016

လွတ်လပ်ရေးနေ့ အားကစားပြိုင်ပွဲများကျင်းပ




ငဖဲ    ဇန်န၀ါရီ     

          (၆၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် (၁၀)မိုင် မာရသွန်အပြေးပြိုင်ပွဲကို ဇန်န၀ါရီလ (၃)ရက်နေ့ နံနက် (၆)နာရီခွဲက ငဖဲမြို့နယ်၊ ပဒါန်းကျေးရွာ လမ်းဆုံမှ မြို့မဈေးရှေ့ထိ အပြေးပြိုင်ပွဲ ကျင်းပခဲ့သည်။
          မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများမှ အားကစားသမား (၂၃)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ဘော်လီဘောပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ဖူဆယ်ဘောလုံးပြိုင်ပွဲ၊ ချောတိုင်တက်၊  ခေါင်းအုံးရိုက်၊ တုတ်ဆီးထိုး၊ ပြေးခုန်ပစ်၊ သားကောင်းမိခင်နှင့် ကလေးပြိုင်ပွဲများနှင့် အခြားပျော်ပွဲ ရွှင်ပွဲများဆက်လက်ကျင်းပသွားပြီး ဇန်န၀ါရီလ (၄)ရက်နေ့ သ၀ဏ်လွှာဖတ်ကြားပွဲ အခမ်းအနား ပြီးတွင် ဆုရရှိသူများအား ဆုချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment