Saturday, January 2, 2016

(၆၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် စာအုပ်/ဓာတ်ပုံပြပွဲနှင့် ဟောပြောပွဲကျင်းပ


မြိုင်-ဇန်န၀ါရီ-၁
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြိုင်မြို့နယ် ဦးစီးမှူးဒေါ်အေးအေးနွဲ့နှင့်
ဝန်ထမ်းများသည် (၆၈)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်စာအုပ်စာစောင်/ဓာတ်ပုံပြပွဲနှင့် ဟောပြောပွဲကို
(၂၀၁၆)ခုနှစ် ဇန်န၀ါရီ(၁)ရက်နေ့ နံနက်(၁၀)နာရီက မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊
မြို့စိုးကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။
အဆိုပါဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်နုယဉ်က အဖွင့်အမှာစကားပြောကြားပြီး၊
မြို့နယ် ဦးစီးမှူးက (၆၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် စာအုပ်စာစောင်/ဓာတ်ပုံပြပွဲနှင့် ပတ်သက်၍
ရှင်းလင်းပြောကြားပြီး၊ မြန်မာ့သမိုင်းကြောင်းနှင့်လွတ်လပ်ရေးရရှိအောင်ကြိုးပမ်းဆောင်ရွက်မှုများကို အကျယ်တ၀င့်
ရှင်းလင်းပြောကြားသည်။
ထို့နောက် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့်ဦး၊ ဆရာ/ဆရာမများနှင့်ကျောင်းသား/ကျောင်းသူများ
စုစုပေါင်း(၃၂၆)ဦးတို့က စာအုပ်ရေ(၁၀၀)၊ ဓာတ်ပုံ(၃၅)ပုံ၊ မြို့နယ်ပြန်/ဆက် ဦးစီးဌာနမှပြသထားသောစာအုပ်
စာစောင်များနှင့် နံရံကပ်ဓာတ်ပုံများကို ကြည့်ရှုကြကြောင်းသိရသည်။
အောင်ကျော်မြင့်

0 comments:

Post a Comment