Saturday, January 2, 2016

သုံးဘီးဆိုင်ကယ် နောက်ဘီးကျွတ်၍ လူတစ်ဦးပြုတ်ကျ ဒဏ်ရာရ


စေတုတ္တရာ     ဇန်နဝါရီ      ၁

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊  စေတုတ္တရာမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည်  ဒီဇင်ဘာ ၃၁ ရက်နေ့ နံနက် (၉)နာရီ (၃၅)မိနစ် အချိန်ခန့်က စလင်း-စေတုတ္တရာ ကားလမ်း၊ မိုင်တိုင်အမှတ် ၃၃/၇ အနီးတွင် သုံးဘီးဆိုင်ကယ်ပေါ်မှ လူတစ်ဦး ပြုတ်ကျကြောင်း သတင်းအရ သက်သေများနှင့် အတူ သွားရောက် စစ်ဆေးရာ ၄င်းလမ်းအတိုင်း ခြင်ပြစ်ကိုင်း ကျေးရွာဘက်မှ စေတုတ္တရာမြို့ ဘက်သို့စေတုတ္တရာမြို့နယ်၊ ခြင်ပြစ်ကိုင်းကျေးရွာနေသူ ယာဉ်မောင်း ဇော်ထူး (၃၀)နှစ် မောင်းနှင်သည့် ၈ဟ/×××× နံပါတ်ပါ သုံးဘီးဆိုင်ကယ် ယာဉ်သည် နောက်ဘီး ကျွတ် ထွက်ပြီး မြေကြီးနှင့်တိုက်မိကာ သုံးဘီးဆိုင်ကယ်ပေါ်တွင် လိုက်ပါလာသည့် စေတုတ္တရာမြို့နယ်၊ ပန်းချက်ကျေးရွာနေသူ မောင်ဆယ်တန်းမောင် (၃၇)နှစ် မှာ သုံးဘီးဆိုင်ကယ်ပေါ်မှ ပြုတ်ကျပြီး ဒဏ်ရာများ ရရှိခဲ့သဖြင့် သုံးဘီး ဆိုင်ကယ် ပေါ့ဆစွာမောင်းနှင်သူ ဇော်ထူးအား စေတုတ္တရာမြို့နယ်၊ မြို့မရဲစခန်းယာဉ်(ပ)၁၃/၂ဝ၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၃၇ အရ အမှုဖြင့် အရေးယူ ဆောင်ရွက် လျက်ရှိသည်။
မောင်ညီညာ(မြေလတ်)

0 comments:

Post a Comment