Saturday, January 2, 2016

ငဖဲမြို့ပေါ်တွင် ထော်လာဂျီနှင့်ဆိုင်ကယ် မျက်နှာချင်းဆိုင် တိုက်မိမှုဖြစ်ပွား


ငဖဲ     ဇန်န၀ါရီ     ၁
မကွေးတိုင်းဒေသကြီး ငဖဲမြို့ ကျောင်းတွင်းရပ်ကွက် ငဖဲ-ပဒါန်းကားလမ်း မိုင်တိုင်အမှတ် (၉)မိုင်(၁)ဖာလုံအနီးတွင် ဒီဇင်ဘာ ၃၀ ရက်မွန်းလွဲ ၁၂ နာရီခွဲ အချိန်က ထော်လာဂျီနှင့်ဆိုင်ကယ် မျက်နှာချင်းဆိုင်တိုက်မိမှု ဖြစ်ပွားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ငဖဲမြို့ (မြောက်ဘက်)မှပဒါန်း(တောင်ဘက်)သို့ အောင်ဖြိုးဝင်း(သ)၂၈နှစ် ငဖဲမြို့၊ကျောင်းတွင်းရပ်ကွက် နေသူတစ်ဦးတည်း မောင်းနှင်လာသည့် ယာဉ်အမှတ် ၂ဌ/------- နောက်တွဲပါ ထော်လာဂျီ အပြာရောင်ယာဉ်နှင့် ပဒါန်းကျေးရွာဘက်မှငဖဲမြို့ဘက်သို့အောင်ကြည် ဌေး(သ)၃၄နှစ်၊ငဖဲမြို့ ကျောင်းတွင်း/ကွက်သစ်ရပ်နေသူတစ်ဦးတည်း မောင်းနှင်လာသည့် နံပါတ် မပါ REEBO-125 နီ/နက်ကြားဆိုင်ကယ်တို့ မျက်နှာချင်းဆိုင်တိုက်မိမှု ဖြစ်ပွားခဲ့ရာ ဆိုင်ကယ်မောင်းနှင်သူအောင်ကြည်ဌေးတွင် ဦးခေါင်းထိပ် (၂)လက်မခန့် ပေါက်ပြဲဒဏ်ရာ(၁)ချက်၊ ၀ဲဘက်မျက်ခုံးတောင့် (၁)လက်မခန့်ပေါက်ပြဲဒဏ်ရာ(၁)ချက်၊ ယာခြေသလုံးတွင်(၁)လက်မခန့် ပေါက်ပြဲဒဏ်ရာ(၂)ချက်၊ နှာခေါင်းနှင့်အောက်နှုတ်ခမ်းအတွင်း ပေါက်ပြဲဒဏ်ရာများ(စိုးရိမ်ရ)ရရှိ၍  ငဖဲမြို့နယ်ပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူလျက်ရှိသည်။
အမှုနှင့်ပတ်သက်၍ ယာဉ်မဆင်မခြင်မောင်းနှင်သည့် အောင်ဖြိုးဝင်းနှင့် အောင်ကြည်ဌေး တို့(၂)ဦးအား ငဖဲမြို့မရဲစခန်းတွင် ရဲတပ်ကြပ်ကြီး ကျော်ဇင်မျိုးမှတရားလိုပြုလုပ်၍ ယာဉ်(ပ)၄၃/ ၂၀၁၅၊ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ(၃၃၇/၃၃၈)ဖြင့် အမှုဖွင့် အရေးယူ ဆောင်လျက်ရှိကြောင်း သိရသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment