Wednesday, January 27, 2016

ယာဉ်စည်းကမ်း ၊ လမ်းစည်းကမ်းနှင့် မှုခင်းကျဆင်းရေး ဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ




မင်းဘူး                   ဇန်နဝါရီ လ                    ၂၇
          ယာဉ်စည်းကမ်း ၊ လမ်းစည်းကမ်းနှင့် မှုခင်းကျဆင်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ဇန်န၀ါရီလ(၂၆)ရက်၊ နံနက် (၁၀) နာရီ က မင်းဘူးမြို့  အ.ထ.က (၁) ၊ ခန်းမ၌ ကျင်းပပြုလုပ်သည်။
          အခမ်းအနားတွင် မင်းဘူးမြို့ ၊အ.ထ.က (၁) ၊ ကျောင်းအုပ်ဆရာကြီး ဦးဝင်းမြင့် က အဖွင့်အမှာစကားပြောကြားပြီး မင်းဘူးမြို့မရဲစခန်း ၊ စခန်းမှူး ဒုတိယ ရဲမှူးဝင်းလှိုင် က မူးယစ်ဆေးဝါးနှင့် ပက်သက်၍ ရှင်းလင်းရာ ဘာမီတွန်ကဲ့သို့ ပန်းရောင်ဆေးပြားများပုံစံရှိသည့်  (88)တံဆိပ် ၊ (wy) တံဆိပ်၊ ယုန်တံဆိပ်ပုံပါ ဆေးပြားများ ကို လက်တွေ့ စမ်းသပ်ခြင်းမပြုလုပ်ကြရန်နှင့် ယခု သတင်းများထွက်ပေါ်နေသည့် ကလေးသူခိုးများသည် မကွေးတိုင်းဒေသကြီးအတွင်း မရှိကြောင်း၊ ရဲစခန်းများတွင်လည်း ကလေးပျောက်တိုင်ကြားသူ များ မရှိကြောင်း ၊ face book များတွင်ဖော်ပြထားသည့် ကလေးခိုး သတင်းများမှာ ကောလဟာလသတင်းများ ဖြစ်ကြောင်း၊ အကျယ်တ၀င့်ရှင်းလင်းဟောပြောခဲ့သည်။
          ထို့နောက် မင်းဘူးမြို့၊အမှတ်(၁၈)၊ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံးမှ ရဲအုပ် ကျော်ဇင်ဦးမှ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့်ပတ်သက်၍ ရှင်းလင်းဟောပြောပြီး  ယာဉ်ထိန်းရဲများ၏ အချက်ပြစနစ်များကို လက်တွေ့ သရုပ်ပြရှင်းလင်းကာ  ၂၀၁၅-ခုနှစ်၊မော်တော်ယာဉ်ဥပဒေပါ အသိပညာပေး လက်ကမ်းစာစောင်များကို တက်ရောက်လာသူများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။
တင်ထွန်းဦး(  မင်းဘူး  )

0 comments:

Post a Comment