Saturday, January 2, 2016

မဟော်သဓာ စာကြည့်တိုက်အား ကြည့်ရှုအားပေး


မြိုင်-ဇန်န၀ါရီ-၁

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြိုင်မြို့နယ် ဦးစီးမှူး ဒေါ်အေးအေးနွဲ့သည် မြို့စိုးကျေးရွာ `` မဟော်သဓာ ``စာကြည့်တိုက်သို့ ၂၀၁၆-ခုနှစ်၊ ဇန်န၀ါရီ(၁)ရက်နေ့ ညနေ(၃)နာရီက ရောက်ရှိ၍
စာကြည့်တိုက် ဖွင့်လှစ်ထားရှိမှုနှင့် ကျေးရွာပြည်သူများ စာအုပ်ငှားရမ်းမှုများကို ကြည့်ရှုအားပေးပြီး စာကြည့်တိုက်
ရေရှည်တည်တံ့စွာ ဖွင့်လှစ်နိုင်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးတို့အတွက် စာအုပ်အသစ်များ ထားရှိရန်တို့ကို ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် စာကြည့်တိုက် အမှုဆောင်များအား မှာကြားကြောင်းသိရသည်။

  အောင်ကျော်မြင့်

0 comments:

Post a Comment