Sunday, January 17, 2016

အသက်မွေးဝမ်းကျောင်းအထောက်အကူပြု စက်ချုပ်သင်တန်းဆင်းပွဲကျင်းပ


ပွင့်ဖြူ     ဇန်န၀ါရီ     ၁၅
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊ ရွှေလှေကျေးရွာတွင် ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှကြီးမှူး၍ (၁)လကြာ ဖွင့်လှစ်ခဲ့သော အသက်မွေးဝမ်းကျောင်းအထောက်အကူပြု စက်ချုပ်သင်တန်း ဆင်းပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက ကျင်းပရာ အခမ်းအနားသို့ မြို့နယ်ကျေးလက်ဦးစီးမှူး ဦးကျော်ကျော်၊ ဒုဦးစီးမှူး ဒေါ်ကေဇင်မိုးနှင့်ဝန်ထမ်းများ၊ ရွှေလှေကျေးရွာမှအုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများ၊သင်တန်းနည်းပြများ နှင့်သင်တန်းသူများ တက်ရောက်ကြသည်။
သင်တန်းဆင်းပွဲတွင် မြို့နယ်ကျေးလက်ဦးစီးမှူး ဦးကျော်ကျော်မှ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန်နှင့် ဆင်းရဲမှုလျှော့ချနိုင်ရန် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက အသက်မွေးဝမ်း ကျောင်းအထောက်အကူပြု သင်တန်းများကိုအစဉ်မပြတ် ဖွင့်လှစ်ပေး လျက်ရှိပါကြောင်း၊ သင်တန်းများဖွင့်လှစ် သင်ကြားပေးခဲ့လို့ သင်တန်းတက်ရောက်ခဲ့ ကြသူများ အနေဖြင့် လက်တွေ့နယ်ပယ်တွင် မိသားစုဝင်ငွေတိုးရေးအတွက် တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်း ဆောင်ရွက်ခွင့်ရရှိနေပြီဖြစ်ပါကြောင်း၊ ကျေးလက်နေပြည်သူများရဲ့  လူမှုစီးပွားဘ၀ မြင့်မားရေး အတွက်  မိမိတို့ဌာနမှ အလေးထား ဖော်ဆောင်လျက်ရှိပါကြောင်း၊ သင်တန်းဖွင့်လှစ်ကျင်းပ ခဲ့ခြင်း ကြောင့် တတ်မြောက်ခဲ့သော အတတ်ပညာများဖြင့် ကိုယ်ပိုင်အိမ်တွင်းမှုလုပ်ငန်းများ လုပ်ဆောင် နိုင်ခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာမှာဖြစ်ပါကြောင်း စသည့်ဖြင့် ပြောကြားကာ စက်ချုပ်သင်တန်းသို့ တက်ရောက်ခဲ့သော သင်တန်းသူ(၂၀)ဦးအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment