Wednesday, January 27, 2016

သမုန်းပင်​​ကျေးရွာနှင့်​ပိေ တာက်​ကုန်း​ကျေးရွာချင်းဆက်​​ကျောက်​​ချောလမ်းဖွင့်​ပွဲ


နတ်​​မောက်​       ဇန်​နဝါရီ ၂၄
မ​ကွေးတိုင်း​ဒေသကြီးနတ်​​မောက်​မြို့နယ်​သမုန်းပင်​​ကျေးရွာအုပ်​စုသမုန်းပင်​​ကျေးရွာနှင့်​ပိ​တောက်​ကုန်း​ကျေးရွာချင်းဆက်​​ကျောက်​​ချောလမ်းဖွင့်​ပွဲကိုဇန်​နဝါရီ၂၄ရက်​နံနက်​၉နာရီကကျင်းပခဲ့သည်​။
အခမ်းအနားတွင်​မ​ကွေးတိုင်း​ဒေသကြီးအစိုးရအဖွဲ့လူမှု​ရေးဝန်​ကြီးဦး​အောင်​​ကျော်​မင်းမှအဖွင့်​အမှာစကား​ပြောကြားခဲ့ပြီးမြို့နယ်​အုပ်​ချုပ်​​ရေးမှူးဦး​ဌေး​အောင်​မှ၂၀၁၅-၂၀၁၆ဘဏ္ဍာ​ရေးနှစ်​ပြည်​​ထောင်​စုလွှတ်​​တော်​ဆိုင်ရာဖွံ့ဖြိုး​​ရေး​ရန်​ပုံ​ငွေနှင့်​ပြည်​သူလူထုထည့်​ဝင်​​ငွေစုစု​ပေါင်းသိန်း(၁၀၀၀)ဖြင့်​​ဆောင်​ရွက်​သည့်​သမုန်းပင်​​ကျေးရွာနှင့်​ပိ​တောက်​ကုန်း​ကျေးရွာချင်းဆက်​လမ်းလုပ်​ငန်းများကိုရှင်းလင်း​ပြောကြားခဲ့သည်​။ဆက်​လက်​၍မ​ကွေးတိုင်း​ဒေသကြီးအစိုးရအဖွဲ့လူမှု​ရေးဝန်​ကြီးဦး​အောင်​​ကျော်​မင်း၊ပြည်​သူ့လွှတ်​​တော်​ကိုယ်​စားလှယ်​ဦး​အောင်​​ကျော်​စိုးနှင့်​မြို့နယ်​အုပ်​ချုပ်​​ရေးမှူးဦး​ဌေး​အောင်​တို့မှသမုန်းပင်​​ကျေးရွာနှင့်​ပိ​တောက်​ကုန်း​ကျေးရွာချင်းဆက်​​ကျောက်​​ချောလမ်းကိုအဆိုပါမုဒ်​ဦး​ရှေ့တွင်​ဖဲကြိုးဖြတ်​ဖွင့်​လှစ်​​ပေးခဲ့ပြီးသမုန်းပင်​​ကျေးရွာနှင့်​ပိ​တောက်​ကုန်း​ကျေးရွာချင်းဆက်​​ကျောက်​​ချောလမ်းအရှည်​(၄၀၀၀×၁၂)​ပေရှိ​ကြောင်းသတင်းရရှိခဲ့သည်​။      လှဝင်း(နတ်​​မောက်​)

0 comments:

Post a Comment