Sunday, January 17, 2016

အထက် ကျသေး ဆည်ဖွင့်ပွဲ ကျင်းပ


မြို့သစ် ဇန်နဝါရီ ၁၆
-------------------------- --------- ----------------
မကွေးတိုင်းဒေသကြီး မြို့သစ်မြို့ နယ်
ဆည်မြောင်းဦးစီးဌာနမှ ၂၀၁၅/၂၀၁၆ ခုနှစ်
ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး ( ငွေလုံးငွေရင်း)
ရန်ပုံငွေဖြင့်ဆောင်ရွက်သည့်(အထက်ကျသေး
ဆည် ) ပြုပြင်ခြင်းလုပ်ငန်းအား ဆောင်ရွက်
ပြီးစီးပြီဖြစ်သဖြင့် ဖွင့်ပွဲအခမ်းအနားကို ယနေ့
ဇန်နဝါရီလ ( ၁၆ )ရက်နေ့နံနက် ( ၀၉း ၀၀ )
နာရီက မြို့သစ်မြို့နယ် တမာပင် ကျေးရွာအနီး
အထက်ကျသေးဆည်တွင်ကျင်းပပြုလုပ်
ခဲ့သည်။
ရှေးဦးစွာမကွေးတိုင်းဒေသကြီး
အစိုးရအဖွဲ့ စိုက်ပျိုးရေးနှင့်မွေးမြူရေးဝန်ကြီး
ဦးအောင်နိုင် မှအဖွင့် အမှာစကား
ပြောကြား ပြီး မကွေးခရိုင် ဆည်မြောင်းဦးစီး
ဌာန လက်ထောက် ညွန်ကြားရေးမှူး
ဦးအောင်သူကြွယ် က အထက်ကျသေးဆည်
ပြုပြင်ခြင်းလုပ်ငန်းနှင့်ပတ်သက်၍ ရှင်းလင်း
ဆွေးနွေးခဲ့ သည် ။
ဆက်လက်၍ ဒေသခံပြည်သူ
တစ်ဦးမှ ""ကျွန်တော်တို့ ဒေသ မှာ ပူပြင်း
ခြောက်သွေ့ပြီး မိုးရွာသွန်းမှု နည်းပါး ၍
စိုက်ပျိုးရေနှင့် သောက်သုံးရေ အတွက်
အခက်အခဲမျာ့း ဖြစ်ပေါ်တတ်ပါသည် ။
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်
ဆည်မြောင်းဦစီးဌာနတို့မှ ( ၁၉၈၇ )ခုနှစ်
ခန့်က ကျေးရွာ လူထုမှ မြေသားတမံဖြင့်
ဆည်ပိတ်တည်ဆောက်ခဲ့သော အထက်
ကျသေးဆည်အား ပြန်လည်၍ ပြုပြင်ပေးသည့်
အတွက်အထူးပင် ကျေးဇူးတင်ဝမ်းမြောက်
မိပါကြောင်း ၊ ယခုလို အထက်ကျသေး
ဆည်အား ပြန်လည်ပြုပြင်ပေးသဖြင့် လယ်မြေ
ဧက( ၄၈၂ )ဧက အား ဆည်ရေပေးဝေနိုင်၍
မိုးစပါးများ စိုက်ပျိုးနိုင်စေပြီး ဒေသစိမ်းလန်း
စိုပြေရေးကို များစွာ အထောက်အကူဖြစ်
မည်ဖြစ်ကြောင်း ကျေးဇူးတင်စကား
ပြောကြားခဲ့သည် ။
ထို့နောက် အဆိုပါ ကျက်သေးဆည်
အား စိုက်ပျိုးရေးနှင့် မွေးမြူရေးဦးစီးဌာနဝန်ကြီး
ဦးအောင်နိုင် ၊ ခရိုင်အုပ်ချုပ်ရေးမှူးဦးအုန်းသန်း
ပြည်သူ့လွှတ်တော် ကိုယ်စာလှယ်ဦးမြင့်သူ ၊မြို့သစ် မြိုနယ်အုပ်ချုပ်ရေးမှူး ဦးဗိုလ်အောင်မောင်မောင် တို့ ကဖဲကြိုးဖြတ်ဖွင့်
လှစ်ပြီး အထိမ်းအမှတ် အလံ များပေးအပ်ခဲ့
ကြောင်းသိရသည် ။ ဇော်ဇော် ( မြို့သစ် )

0 comments:

Post a Comment