ငဖဲ ဇန်န၀ါရီ ၎
မင်းဘူးခရိုင်၊ ငဖဲမြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းကကြီးမှူး၍
(၆၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် စံပြမိခင်နှင့်ကလေးပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို
ဇန်န၀ါရီလ ၄ ရက်နေ့ နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါ ကလေးပြိုင်ပွဲတွင် မွေးစမှသုံးလထိ၊ သုံးလမှခြောက်လထိ၊ ခြောက်လမှ
တစ်နှစ်အထိ၊ တစ်နှစ်မှတစ်နှစ်ခွဲအထိ၊ တစ်နှစ်ခွဲမှနှစ်နှစ်အထိ ပြိုင်ပွဲကဏ္ဍငါးမျိုးတွင်
ကလေးငယ် စုစုပေါင်း (၄၃)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသော ကလေးငယ် (၁၈)ဦးနှင့်
စံပြမိခင်ဆုရရှိသော ဒေါ်ခင်သန်း နယ်ဇောကျေးရွာတို့အား မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဌ
ဒေါ်စန်းစန်းဝေနှင့် အဖွဲ့ဝင်များက ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
သန်းနိုင်ဦး(ငဖဲ)
0 comments:
Post a Comment