Wednesday, January 27, 2016

စာဖတ်ရှိန်မြင့်မားရေးပွဲတော်ကျင်းပ

မကွေး            ဇန်နဝါရီ ၂၅ရက်
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံေ
ရးဦးစီးဌာနကကြီးမှူးကျင်းပသည့်စာဖတ်ရှိန်မြင့်မားရေးပွဲတော်စာစီစာကုံး၊ကဗျာ၊ကျပန်းစကားပြောပြိုင်ပွဲကိုမကွေးမြို့နယ်၊သစ်ရာ ကောက်ကျေးရွာ အ.ထ.က တွင်ဇန်နဝါရီလ  ၂၅ ရက်နံနက်၁၀း၃၀မှစတင်၍ ကျင်းပခဲ့သည်။
အဆိုပါစာစီစာကုံးပြိုင်ပွဲတွင်အလယ်တန်း၊အထက်တန်းအဆင့်ဝင်ရောက်ယှဉ်ပြိုင်သူ ၄၅ဦး၊ကဗျာပြိုင်ပွဲတွင် ၁၀ဦး၊ ကျပန်းစကားပြောပြိုင်ပွဲတွင် ၂ဦး၊ စိတ်ပါဝင်စားစွာ
ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။  ဆုချီးမြှင့်ပွဲတွင် ပထမဆု ဒုတိယဆု တတိယဆု များကို မြို့နယ်ပြန်/ဆက်ဦးစီးမှူး၊ ကျောင်းအုပ်ဆရာကြီး ဦးကံဌေး  ၊စာရေးဆရာ နန္ဒကျော်ခေါင်၊ သတင်းထောက် ဖူးပွင့်နေခြည် တို့မှ ဆုများ အသီးသီးချီးမြှင့်ခဲ့သည်။
အလားတူ မကွေး အ ထ က  ၊ကန်ပြား၊ မြင်ကွန်း၊ မိကျောင်းရဲ အ.ထ.က တို့တွင်တိုက်နယ်၅ခုသတ်မှတ်ကာပြိုင်ပွဲများကျင်းပပြီး ဆုရကျောင်းသား/သူများအားဇန်နဝါရီလ ၂၇ ရက်နေ့တွင် မကွေး အ ထ က ပန်းဟေဝန် ခမ်းမ၌ ဆက်လက်ယှဉ်ပြိုင်၍ဆုများအသီးသီးချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
                                       ဥမ္မာခင်

0 comments:

Post a Comment