Saturday, January 2, 2016

၆၈)နှစ်မြောက်လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျောက်ချောလမ်းဖွင့်ပွဲ ကျင်းပ


မင်းတုန်း  ဒီဇင်ဘာ  ၃၁
မကွေးတိုင်းဒေသကြီး သရက်ခရိုင် မင်းတုန်းမြို့တွင် (၆၈)နှစ်မြောက်လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြု သောအားဖြင့် ၂၀၁၅-၂၀၁၆ခု၊ဘဏ္ဍာရေးနှစ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရန်ပုံငွေဖြင့် သန်းချီလှိုင်း ကုမ္ပဏီမှ တာဝန်ယူ ဆောင်ရွက်သည့် ခွေးတောက်ချိုကျေးရွာနှင့် ပုသိမ်-မုံရွာ ကားလမ်းမကြီး ဆက် သွယ်သော ကျောက်ချောလမ်း(၂မိုင်၎ဖာလုံ)ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်(၉း၀၀)နာရီက အဆိုပါ မုဒ်ဦး ရှေ့တွင် ကျင်းပသည်။
အခမ်းအနားတွင် ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်ကြီးက ကျောက်ချောလမ်းဖောက်လုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ဂွေးတောက်ကျေးရွာ ဒေသခံပြည်သူ များကိုယ်စား ဦးတင့်လွင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ထို့နောက် ကျောက်ချောလမ်းသစ်အား တိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ဆွေ၊ခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်၊တိုင်းဒေသကြီး  လွှတ်တော်ကိုယ်စာလှယ် ဦးသိန်းဇော်တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။
ထို့နောက် အထိမ်းအမှတ်အလံများကို ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်ကြီးနှင့် သန်းချီလှိုင်ကုမ္ပဏီမှ စီမံကိန်းဒါရိုက်တာ ဦးသီဟစိုးတို့မှ တိုင်းဒေသကြီး ကျေးလက် ညွှန်ကြား ရေးမှူး ဦးကျော်ဆွေ၊ခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်နှင့် တာဝန်ရှိသူများထံ အသီးသီး ပေးအပ်ခဲ့သည်။ အဆိုပါ လမ်းမှာ အကျယ်(၁၈)ပေ (၂မိုင်၎ဖာလုံ)ကျောက်ချောလမ်းဖြစ်ပြီး ငွေကျပ်၁၃၃့၁၁၈၂ (ကျပ်သန်း) ကုန်ကျခံ၍ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment