Wednesday, January 13, 2016

မကွေးတိုင်းဒေသကြီး ဥပဒေချုပ်ရုံးတွင် လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် စာတမ်းဖတ်ပွဲ ကျင်းပ




မကွေး     ဇန်န၀ါရီ     ၁၁
          မကွေးတိုင်းဒေသကြီး ဥပဒေချုပ်၊တိုင်းဒေသကြီးဥပဒေအရာရှိနှင့် မကွေးတိုင်းဒေသကြီး အတွင်း ခရိုင်၊မြို့နယ် ဥပဒေအရာရှိများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးနှင့်စာတမ်းဖတ်ပွဲ အခမ်း အနားကို မကွေးတိုင်းဒေသကြီး ဥပဒေချုပ်ရုံးခန်းမ၌ ဇန်န၀ါရီ ၉ ရက်နေ့မှ ၁၀ ရက်နေ့ထိ ကျင်းပခဲ့ ရာ ဥပဒေချုပ် ဦးဇေယျက အဖွင့်အမှာစကားပြောကြားပြီး တိုင်းဒေသကြီး ဥပဒေအရာရှိ ဦးကျော် ကျော်အောင်မှ လုပ်ငန်းဆိုင်ရာကိစ္စများနှင့်ပတ်သက်၍ ရှင်းလင်းမှာကြားသည်။
ဆက်လက်၍ လူကုန်ကူးမှုနှင့် ပြည်ပအလုပ်အကိုင် ဆိုင်ရာစာတမ်းကို လက်ထောက် တိုင်းဒေသကြီး ဥပဒေအရာရှိ ဒေါ်အေးမြမြကျော်၊နာကျင်စေမှုများနှင့်ပတ်သက်သော စာတမ်းကို လက်ထောက်တိုင်းဒေသကြီး ဥပဒေအရာရှိ ဒေါ်နှင်းနှင်းပြုံး၊ပြစ်မှုမကင်းသော ကျော်နင်းမှု စာတမ်း ကို လက်ထောက်တိုင်းဒေသကြီး ဥပဒေအရာရှိ ဦးမြင့်စိုး၊လိမ်လည်မှုနှင့်အလွဲသုံးစားမှုများ ခြားနားချက်စာတမ်းကို ကံမမြို့နယ် ဥပဒေအရာရှိ ဒေါ်စုကေခိုင်နှင့် ရေနံမှုများအပေါ် လေ့လာ တင်ပြခြင်းစာတမ်းကို သရက်ခရိုင် ဥပဒေအရာရှိ ဦးလှမြင့်တို့က ဖတ်ကြားခဲ့ကြပြီး တက်ရောက်လာသည့် ဥပဒေအရာရှိများက စာတမ်းနှင့်ပတ်သက်၍ မေးမြန်းဆွေးနွေးချက်များ  အပေါ် ဒုတိယ တိုင်းဒေသကြီး ဥပဒေအရာရှိနှင့်ခရိုင်ဥပဒေအရာရှိများက ပြန်လည်ရှင်းလင်းခဲ့ကြ ကြောင်း သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment