Wednesday, January 27, 2016

ပေါက်မြို့မဈေးအတွင်း မီးဘေးကြိုတင်ကာကွယ်ရေး သရုပ်ပြလေ့ကျင့်




ပေါက်     ဇန်န၀ါရီ     ၂၆
          မီးဘေးလုံခြုံရေး နှင့်မီးလောင်မှုကြောင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ ပျက်စီးဆုံးရှုံးခြင်းမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့ ညနေ ၅ နာရီက ပေါက်မြို့နယ် စည်ပင်သာယာဈေးရှေ့တွင် ဆောင်ရွက်ခဲ့ရာ ပေါက်မြို့နယ် အုပ်ချုပ်ရေးမှူး၊မြို့နယ် ရဲတပ်ဖွဲ့မှူး၊မြို့နယ်မီးသတ်ဦးစီးမှူးနှင့် သန္ဓေတပ်ဖွဲ့ဝင်များ၊ အရံမီးသတ် တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်အမှုဆောင်အရာရှိ နှင့်ဝန်ထမ်းများ၊ စည်ပင်ကော်မတီဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့်ဈေးဆိုင်ခန်းရှင်များ တက်ရောက်ကြခဲ့သည်။
          မီးဘေးကြိုတင်ကာကွယ်ရေးအတွက် လက်တွေ့သရုပ်ပြလေ့ကျင့်ရာတွင် ဆီမီးလောင် မှုအား မီးသတ်ဆေးဘူးဖြင့် ငြိမ်းသတ်သရုပ်ပြခြင်း၊ရှာဖွေကယ်ဆယ်ရေး အထောက်အကူပြု ပစ္စည်းများဖြင့် သရုပ်ပြခြင်း၊ဈေးအတွင်းရှိရေကန်များမှ ဒိုင်းရှင်းအပေါ့စား ရေစုပ်စက်(၂)လုံးဖြင့် ရေဖြန်းပက် သရုပ်ပြခြင်း၊မီိးသတ်ယာဉ်(၁)စီး၊ရေသယ်ယာဉ်(၁)စီးတို့ဖြင့် ရေပက်သရုပ်ပြခြင်း တို့ကို  ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment