Saturday, January 2, 2016

၆၈)နှစ်​​မြောက်​လွတ်​လပ်​​ရေး​နေ့အထိမ်းအမှတ်​အားကစားပြိုင်​ပွဲများနတ်​​မောက်​မြို့၌ကျင်းပမည်


နတ်​​မောက်​            ဒီဇင်​ဘာ၃၁
မ​ကွေးတိုင်း​ဒေသကြီးနတ်​​မောက်​မြို့နယ်​ဗိုလ်​ချုပ်​​အောင်​ဆန်း​ကြေးရုပ်​ကွင်း၌(၆၈)နှစ်​​မြောက်​လွတ်​လပ်​​ရေး​နေ့အထိမ်းအမှတ်​အားကစားပြိုင်​ပွဲများကျင်းပမည်​ဖြစ်​​ကြောင်းသိရသည်​။
အားကစားပြိုင်​ပွဲများမှာ​ဘော်​လီ​ဘောပြိုင်​ပွဲ၊ပိုက်​​ကျော်​ခြင်းပြိုင်​ပွဲ၊စစ်​တုရင်​ပြိုင်​ပွဲ၊စားပွဲတင်​တင်းနစ်​ပြိုင်​ပွဲနှင့်​မီနီမာရသွန်​ပြိုင်​ပွဲများကျင်းပသွားမည်​ဖြစ်​ပြီးစစ်​တုရင်​ပြိုင်​ပွဲကို​ဇေယျတုလက်​ဘက်​ရည်​ဆိုင်​နှင့်​စားပွဲတင်​တင်းနစ်​ပြိုင်​ပွဲကိုမြို့နယ်​​မြေစာရင်းဦးစီးဌာနရုံးတွင်​(၁.၁.၂၀၁၆)ရက်​​နေ့တွင်​လည်း​ကောင်း၊ပိုက်​​ကျော်​ခြင်းပြိုင်​ပွဲနှင့်​​ဘော်​လီ​ဘောပြိုင်​ပွဲများကိုဗိုလ်​ချုပ်​​ကြေးရုပ်​ကွင်းတွင်​(၂.၁.၂၀၁၆)ရက်​​နေ့တွင်​လည်း​ကောင်း၊မီနီမာရသွန်​ပြိုင်​ပွဲကိုမြို့သစ်​မြို့ကားလမ်းစုံမှစ၍နတ်​​မောက်​မြို့ကားလမ်းစုံအထိ(၄.၁.၂၀၁၆)ရက်​​နံနက်​၆နာရီတွင်​မာရသွန်​အ​ပြေးသမားများကိုမြို့သစ်​မြို့မှစတင်​တာလွှတ်​သွားမည်​ဖြစ်​​ကြောင်းသိရသည်​။
လှဝင်း(နတ်​​မောက်​)

0 comments:

Post a Comment