This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Wednesday, January 27, 2016

ဆောင်းခရမ်းများ ထွက်နှုန်းကောင်း၍ ၀င်ငွေကောင်းလျက်ရှိ



ပွင့်ဖြူ      ဇန်န၀ါရီ      ၂၇
၂၀၁၅-ခုနှစ်၊ဇူလိုင်လတွင် ရေကြီးနှစ်မြုပ်ဒေသဖြစ်သော မကွေးတိုင်းဒေသကြီး၊ပွင့်ဖြူမြို့နယ် မုန်းချောင်းအနီး ၀န်းကျင်ရှိ ကျေးရွာများတွင် ဆောင်းခရမ်းများ ထွက်နှုန်းကောင်း၍ ၀င်ငွေကောင်းလျက်ရှိသည်။
          ဆောင်းခရမ်းစိုက်ပျိုးရာတွင် သီတင်းကျွတ်လ၌ စတင်စိုက်ပျိုးပြီး နတ်တော်လမှစတင် ဆွတ်ခူးရောင်းချ ကြသည်။ ကိုင်းမြေ(၁)ဧကလျင် ခရမ်းပင် (၁၇၀၀)မှ (၂၀၀၀)ပင်ထိ စိုက်ပျိုးနိုင်ပြီး (၃)လကြာလျင် တစ်ဧက တစ်ကြိမ် ဆွတ်ခူးလျင် ဆောင်းခရမ်းအလုံးရေ( ၂၀၀၀)လုံးခန့်ထွက်ရှိပြီး (၃)ရက် တစ်ကြိမ် ပုံမှန်ဆွတ်ခူးရရှိရောင်းချရသည်။
          ဆောင်းခရမ်းစိုက် တောင်သူ ပွင့်ဖြူမြို့နယ် ဒေးဒရဲကျေးရွာက ဦးကျော်ဆန်းလင်း မှ ယခုနှစ် ရေကြီးလို့ ခရမ်းစိုက် အနည်းငယ်နောက်ကျသွားတာကြောင့် ခရမ်းပေါ်ကာစ မှာ တစ်လုံး (၂၀၀)ကျပ်ထိ ရရှိပြီး ယခုဖောက်သည်ပေးရတာ တစ်လုံး (၁၀၀)ကျပ်ပဲရရှိတယ်၊ ထွက်နှုန်းကောင်းလို့ စိုက်စရိတ်ကျေးတဲ့အပြင် အမြတ် အစွန်းလည်းရရှိလို့ ၀င်ငွေကောင်းပါတယ် ဟုပြောကြား၍ သိရှိရသည်။
          အဆိုပါ ပွင့်ဖြူမြို့နယ်မှ ထွက်ရှိသော ဆောင်းခရမ်း အရှည်/အ၀ိုင်း များကို မင်းဘူးမြို့မဈေးမှ တဆင့် မကွေး၊ရန်ကုန် မြို့ကြီးများထိ တင်ပို့ ရောင်းချပေးနေလျက်ရှိကြောင်းသိရှိရသည်။
သူရထွန်း(ပွင့်ဖြူ)

PubLic Digital Library Service ဌာနဆိုင်ရာများအား အလှည့်ကျတပ်ဆင်




                        မင်းဘူး                                ဇန်န၀ါရီ                       ၂၆

        မင်းဘူး(စကု)မြို့နယ်၊ စက်မှုလယ်ယာဦးစီးဌာနရှိဝန်ထမ်းများ အသိပညာဗဟုသုတ တိုးပွားစေရန်နှင့်စာဖတ် ရှိန်မြင့်မားစေရန် ရည်ရွယ်၍ ဇန်န၀ါရီလ(၂၆)ရက်နေ့က ဒုတိယဦးစီးမှူးဒေါ်ခင်ဝါ၀ါလှိုင်နှင့် ၀န်ထမ်းများကစက်မှု လယ်ယာဦးစီးမှူးရုံးခန်းတွင် PDLS စက်အားတပ်ဆင်ပေးခဲ့သည်။
          ထိုကဲ့သို့ PDLS စက်ကို တပ်ဆင်ပေးပြီးနောက် ဖမ်းယူကြည့်ရှုရန် မင်းဘူးခရိုင်ဦးစီးအရာရှိဦးသန်းဌေးနှင့် ၀န်ထမ်းများက စက်အသုံးပြုနည်းကို ရှင်းလင်းပြသပေးခဲ့ရာ စက်မှုလယ်ယာဦးစီးဌာန ၀န်ထမ်းများက စိတ်ပါဝင်စား စွာဖမ်းယူကြည့်ရှုကြသည်။
          အဆိုပါ PDLSစက်အား mobile စနစ်ဖြင့် ဌာနဆိုင်ရာများတွင် ရက်သတ္တတစ်ပတ်စီအလှည့်ကျ တပ်ဆင် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သန်းဌေး(မင်းဘူး)

ယာဉ်စည်းကမ်း ၊ လမ်းစည်းကမ်းနှင့် မှုခင်းကျဆင်းရေး ဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ




မင်းဘူး                   ဇန်နဝါရီ လ                    ၂၇
          ယာဉ်စည်းကမ်း ၊ လမ်းစည်းကမ်းနှင့် မှုခင်းကျဆင်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ဇန်န၀ါရီလ(၂၆)ရက်၊ နံနက် (၁၀) နာရီ က မင်းဘူးမြို့  အ.ထ.က (၁) ၊ ခန်းမ၌ ကျင်းပပြုလုပ်သည်။
          အခမ်းအနားတွင် မင်းဘူးမြို့ ၊အ.ထ.က (၁) ၊ ကျောင်းအုပ်ဆရာကြီး ဦးဝင်းမြင့် က အဖွင့်အမှာစကားပြောကြားပြီး မင်းဘူးမြို့မရဲစခန်း ၊ စခန်းမှူး ဒုတိယ ရဲမှူးဝင်းလှိုင် က မူးယစ်ဆေးဝါးနှင့် ပက်သက်၍ ရှင်းလင်းရာ ဘာမီတွန်ကဲ့သို့ ပန်းရောင်ဆေးပြားများပုံစံရှိသည့်  (88)တံဆိပ် ၊ (wy) တံဆိပ်၊ ယုန်တံဆိပ်ပုံပါ ဆေးပြားများ ကို လက်တွေ့ စမ်းသပ်ခြင်းမပြုလုပ်ကြရန်နှင့် ယခု သတင်းများထွက်ပေါ်နေသည့် ကလေးသူခိုးများသည် မကွေးတိုင်းဒေသကြီးအတွင်း မရှိကြောင်း၊ ရဲစခန်းများတွင်လည်း ကလေးပျောက်တိုင်ကြားသူ များ မရှိကြောင်း ၊ face book များတွင်ဖော်ပြထားသည့် ကလေးခိုး သတင်းများမှာ ကောလဟာလသတင်းများ ဖြစ်ကြောင်း၊ အကျယ်တ၀င့်ရှင်းလင်းဟောပြောခဲ့သည်။
          ထို့နောက် မင်းဘူးမြို့၊အမှတ်(၁၈)၊ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံးမှ ရဲအုပ် ကျော်ဇင်ဦးမှ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့်ပတ်သက်၍ ရှင်းလင်းဟောပြောပြီး  ယာဉ်ထိန်းရဲများ၏ အချက်ပြစနစ်များကို လက်တွေ့ သရုပ်ပြရှင်းလင်းကာ  ၂၀၁၅-ခုနှစ်၊မော်တော်ယာဉ်ဥပဒေပါ အသိပညာပေး လက်ကမ်းစာစောင်များကို တက်ရောက်လာသူများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။
တင်ထွန်းဦး(  မင်းဘူး  )

ပေါက်မြို့မဈေးအတွင်း မီးဘေးကြိုတင်ကာကွယ်ရေး သရုပ်ပြလေ့ကျင့်




ပေါက်     ဇန်န၀ါရီ     ၂၆
          မီးဘေးလုံခြုံရေး နှင့်မီးလောင်မှုကြောင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ ပျက်စီးဆုံးရှုံးခြင်းမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့ ညနေ ၅ နာရီက ပေါက်မြို့နယ် စည်ပင်သာယာဈေးရှေ့တွင် ဆောင်ရွက်ခဲ့ရာ ပေါက်မြို့နယ် အုပ်ချုပ်ရေးမှူး၊မြို့နယ် ရဲတပ်ဖွဲ့မှူး၊မြို့နယ်မီးသတ်ဦးစီးမှူးနှင့် သန္ဓေတပ်ဖွဲ့ဝင်များ၊ အရံမီးသတ် တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်အမှုဆောင်အရာရှိ နှင့်ဝန်ထမ်းများ၊ စည်ပင်ကော်မတီဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့်ဈေးဆိုင်ခန်းရှင်များ တက်ရောက်ကြခဲ့သည်။
          မီးဘေးကြိုတင်ကာကွယ်ရေးအတွက် လက်တွေ့သရုပ်ပြလေ့ကျင့်ရာတွင် ဆီမီးလောင် မှုအား မီးသတ်ဆေးဘူးဖြင့် ငြိမ်းသတ်သရုပ်ပြခြင်း၊ရှာဖွေကယ်ဆယ်ရေး အထောက်အကူပြု ပစ္စည်းများဖြင့် သရုပ်ပြခြင်း၊ဈေးအတွင်းရှိရေကန်များမှ ဒိုင်းရှင်းအပေါ့စား ရေစုပ်စက်(၂)လုံးဖြင့် ရေဖြန်းပက် သရုပ်ပြခြင်း၊မီိးသတ်ယာဉ်(၁)စီး၊ရေသယ်ယာဉ်(၁)စီးတို့ဖြင့် ရေပက်သရုပ်ပြခြင်း တို့ကို  ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)

မကွေးတက္ကသိုလ် ခြေလျင်တောင်တက်အသင်း လမ်းလျောက်က်စစ်ဆေးခြင်းများ ဆောင်ရွက်




မကွေး     ဇန်န၀ါရီ      ၂၆
          ၂၀၁၅-၂၀၁၆ ပညာသင်နှစ် မကွေးတက္ကသိုလ်ခြေလျင်နှင့် တောင်တက်အသင်း၏ ပထမ အကြိမ်နှင့်ဒုတိယအကြိမ် လမ်းလျောက်စစ်ဆေးခြင်းများကို  ၉-၁-၂၀၁၆ စနေနေ့နှင့် ၁၆-၁-၂၀၁၆ စနေနေ့များတွင် ပြုလုပ်ခဲ့ပြီး လမ်းလျောက်စစ်ဆေးရာတွင် ကျောင်းသား ကျောင်းသူ ၅၀၀ ကျော်နှင့် ဆရာ/ဆရာမ ၄၅ ဦး ခန့်လိုက်ပါ ကြီးကြပ် ဆောင်ရွက်ခဲ့ကြပြီး တတိယအကြိမ်အဖြစ် လမ်းလျောက် စစ်ဆေးခြင်းကို ဇန်န၀ါရီ ၂၃ ရက်နေ့နံနက် ၅ နာရီတွင် မကွေးတက္ကသိုလ် ဒုတိယ ပါမောက္ခချုပ် ဆရာကြီးဒေါက်တာဝင်းစိုး၊ မကွေးတက္ကသိုလ်ခြေလျင်နှင့် တောင်တက်အသင်း ဥက္ကဌ ဆရာမကြီး ဒေါက်တာခင်စန်းနှင့် ဘာသာရပ်ဌာနများမှ ပါမောက္ခများမှ ဦိးဆောင်ကာ မကွေးတက္ကသိုလ် ခြေလျင်တောင်တက် ပါဝင်ဆောင်ရွက်မည့် ကျောင်းသား ကျောင်းသူများ  ဘက်စုံခန်းမ ရှေ့မှစတင်၍ မကွေး-တောင်တွင်း ကားလမ်းကြီးမှတဆင့် သင်ကြားရေးဆေးရုံလမ်းတလျောက်၊ဆက်လက်၍  နတ်မောက်လမ်း၊မြို့ပတ်လမ်း၊ တောင်တွင်းလမ်းများမှ တဆင့်မကွေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ ရှေ့သို့ နံနက် ၈ နာရီတွင်ပြန်လည်ရောက်ရှိခဲ့ကြောင်းနှင့်အဆိုပါ လမ်းလျောက်စစ်ဆေးခြင်းအား သုံးကြိမ်ဆောင်ရွက်ခဲ့ပြီး ဇန်န၀ါရီ ၃၀ ရက်နေ့တွင် မကွေးမှကျောက်ပန်းတောင်းမြို့သို့ မော်တော် ယာဉ်များဖြင့် သွားရောက်ပြီး  ထိုမှတဆင့် ပုပ္ပါးတောင်မကြီးသို့ ခြေလျင်တောင်တက်ခရီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)