Friday, December 4, 2015

မင်းဘူးမြို့တွင်ပိုလီယို ကာကွယ်ဆေးထိုးဆေး( IPV )အသိပေးရှင်းလင်းပွဲကျင်းပ

မင်းဘူး       ဒီဇင်ဘာ         ၃
မကွေးတိုင်းဒေသကြီး၊မင်းဘူးမြို့နယ်တွင် ပိုလီယိုကာကွယ်ဆေးထိုးဆေး(Inactivated Polio Vaccine- IPV) အသိပေးရှင်းလင်းပွဲအခမ်းအနားအား ဒီဇင်ဘာလ(၂)ရက်နေ့ နံနက်(၁၀)နာရီအချိန်က မင်းဘူးမြို့နယ်ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမတွင်ကျင်းပပြုလုပ်ခဲ့သည်။
အသိပေးရှင်းလင်းပွဲအခမ်းအနားတွင် မင်းဘူးခရိုင် ဆေးရုံအုပ်ကြီး ဒေါက်တာ သန်းထွန်းမှ အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊မြို့နယ်ကျန်းမာရေးမှူး ဦးသန်းထွန်းအောင်မှ ပိုလီယိုကာကွယ်ဆေး(ထိုးဆေး)အသစ်ထည့်သွင်းထိုးနှံခြင်းလုပ်ငန်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် အသိပေးရှင်းလင်းပွဲသို့တက်ရောက်လာသည့် ဧည့်သည်တော်များမှ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ ခရိုပြည်သူ့ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူများမှ အကျယ်တ၀င့် ရှင်းလင်းဖြေးကြားခဲ့ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ပြည်သူ့ကျန်းမာရေးဌာန(BHS) လက်ထောက်ကျန်းမာရေးမှူးများ၊အမျိုးသမီးကျန်းမာရေး ဆရာမများနှင့် တိုက်နယ်ဆေးရုံများမှ တိုက်နယ်ဆရာဝန်များ တက်ရောက်ခဲ့ကြောင်းသိရှိရသည်။
တင်ထွန်းဦး(မင်းဘူး)

0 comments:

Post a Comment