Friday, December 4, 2015

အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ International Day of Person with Disabilities(IDD) Day 2015 အခမ်းအနား ကျင်းပ


မကွေး     ဒီဇင်ဘာ     ၃
၂၀၁၅ ခုနှစ် ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ ဦးတည်ချက်ဖြစ်တဲ့ လူတိုင်းအကျုံးဝင်ဖွံ့ဖြိုးဖို့၊ မသန်စွမ်းအားလုံးစွမ်းအားမြှင့်တင်စို့ ဆောင်ပုဒ်နှင့်အညီ မြန်မာနိုင်ငံ အနေဖြင့် သန်စွမ်းသူ များနည်းတူ အခွင့်အရေးတွေရစေဖို့  ဂုဏ်သိက္ခာနဲ့ စိတ်ဓါတ် အင်အားတွေ မြင့်မားလာစေရန် ရည်ရွယ်ချက်များဖြင့် နှစ်စဉ် ဒီဇင်ဘာ ၃ ရက်နေ့ရောက်တိုင်း အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူ များနေ့အဖြစ် ဂုဏ်ပြုသတ်မှတ် အခမ်းအနားများ ကျင်းပလျက်ရှိရာ  မကွေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီဌာန မကွေးမူလတန်းကြိုကျောင်းတွင် ယနေ့ နံနက် ၉ နာရီက အဆိုပါ အခမ်းအနားကို ကျင်းပခဲ့သည်။
အခမ်းအနားတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီးဦးအောင်ကျော်မင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ သ၀ဏ်လွှာကို တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှူး ဒေါ်ခင်နွဲ့မှ ဖတ်ကြားခဲ့သည်။ ထို့နောက် အပြည်ပြည် ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် မကွေးမြို့ အောင်စေတနာရပ်ကွက်  အခြေခံပညာ မူလတန်းလွန်ကျောင်းမှ ထူးချွန်မသန်စွမ်း ကလေးငယ် မဆုပန်ကျော်အား တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးအောင်ကျော်မင်းမှ ထောက်ပံ့ချီးမြှင့်ငွေကို ပေးအပ်ခဲ့သည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment