Thursday, December 3, 2015

ပိုလီယိုရောဂါကာကွယ်ဆေးထိုးဆေး Inactivated Polio Vaccine (IPV) စတင်ထည့်သွင်း ထိုးနှံခြင်းလုပ်ငန်း တိုင်းဒေသကြီးအဆင့် အသိပေးရှင်းလင်း


မကွေး      ဒီဇင်ဘာ      ၁
မကွေးတိုင်းဒေသကြီး ပိုလီယိုရောဂါကာကွယ်ဆေးထိုးဆေး Inactivated Polio Vaccine (IPV) စတင်ထည့်သွင်း ထိုးနှံခြင်းလုပ်ငန်း တိုင်းဒေသကြီးအဆင့် အသိပေးရှင်းလင်းပွဲ အခမ်းအနားကို နိုဝင်ဘာ ၃၀ ရက် နံနက် ၁၀နာရီက တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးအောင်ကျော်မင်း တက်ရောက်လမ်းညွှန် အဖွင့်အမှာစကားပြောကြားခဲ့ပြီး တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှူး ဒေါက်တာထွန်းအောင်ကြည်မှ ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းတွင် ကာကွယ်ဆေး အသစ်ဖြစ်သော ပိုလီယိုကာကွယ်ဆေး(ထိုးဆေး) (Inactivated Polio Vaccine) စတင်ထည့် သွင်းထိုးနှံခြင်းနှင့်ပတ်သက်၍ အသိပေးရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန အထူးရောဂါနှိမ်နင်းရေးရေးအဖွဲ့၊ အဖွဲ့ခေါင်းဆောင် ဆရာဝန်မှ (IPV) ထိုးနှံမည့်လုပ်ငန်းစဉ်များနှင့်ပြည်သူများ သိရှိလိုက်နာဆောင် ရွက်နိုင်ရန်ပြောကြားရာတွင် ပိုလီယိုကာကွယ်ဆေးထိုးဆေးသည် လူအများ အား ထိုးနှံပေးသော ကာကွယ်ဆေးများတွင် အန္တရာယ် အကင်းရှင်းဆုံး ကာကွယ်ဆေးများအနက် တစ်မျိုးအပါအ၀င် ဖြစ်ပြီး ကာကွယ်ဆေးထိုးပြီးနောက် နေရာတွင် အနည်းငယ်နီမြန်းခြင်း၊ နာကျင်ခြင်း များသာရှိနိုင် ကာ ပြင်းထန်သောဘေးထွက်ဆိုးကျိုးမရှိပါကြောင်း၊ ပိုလီိယိုရောဂါ ကာကွယ်ဆေးထိုးဆေး (IPV) တွင်ပိုလီယိုရောဂါပိုးအမျိုးအစား ၁၊၂၊၃၊ သုံးမျိုးစလုံးပါဝင်၍ သုံးမျိုး စလုံးတို့မှ ကာကွယ်မှုပေးပါ ကြောင်း၊မြန်မာနိုင်ငံ ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်တွင် ပိုလီယိုရောဂါ ကာကွယ်ဆေး ထိုးဆေးကို တစ်ကြိမ်တည်းသာထိုးနှံပေးမည်ဖြစ်ပြီး ကလေးအသက် (၄)လတွင် ပိုလီယို အစက်ချကာကွယ်ဆေး၊ ငါးမျိုးစပ်ကာကွယ်ဆေးတို့နှင့် အတူတွဲ၍  တစ်ပြိုင်နက်ထိုးနှံပေးမည် ဖြစ်ပါကြောင်း၊ ပိုလီယိုရောဂါသည် ကလေးငယ်များတွင် အများဆုံး ဖြစ်ပွားတတ်ပြီး ပိုလီယို အကြောသေရောဂါရှင်ကလေးသည် တစ်သက်လုံးမသန်စွမ်းသောဘ၀ သို့ရောက်သွားနိုင် သည့် ကူးစက်မြန်ရောဂါတစ်ခုဖြစ်ကာ ပိုလီိယိုအကြောသေရောဂါဖြစ်ပွားလာပါက ကုသရန်နည်းလမ်း မရှိသည့်အတွက် ကာကွယ်ဆေးသည်သာ အထိရောက်ဆုံး ကာကွယ်နိုင်သည့်နည်းလမ်း တစ်ခုဖြစ်ပါကြောင်း၊ ဒါ့ကြောင့် ပြည်သူများ အနေဖြင့် ရင်သွေးငယ်များကို ပိုလီယိုကာကွယ်ဆေး ထိုးနှံပေးရန် ကာကွယ်ဆေးထိုးစုရပ်များသို့ ခေါ်ဆောင်လာကြပါရန် စသည်ဖြင့်နှိုးဆော် တိုက်တွန်းအသိပေးပြောကြားခဲ့ရာ တက်ရောက်လာသည့်ဧည့်ပရိတ်သတ်များမှ သိရှိလိုသည့် မေးမြန်းမှုများကို ပြန်လည်ဖြေကြားခြင်း၊ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment