Wednesday, December 9, 2015

ပုလဲသွယ်​(GW1)စပါးမျိုးစံကွက်​ ရိတ်​သိမ်းပွဲကျင်းပ


နတ်​​မောက်​          ဒီဇင်​ဘာ ၉
နတ်​​မောက်​မြို့နယ်​ဘန်းကုန်းအုပ်​စုဘန်းကုန်း​ကျေးရွာတွင်​ပုလဲသွယ်​(GW1)စပါးမျိုးစံကွက်​၌ကွင်းအမှတ်​(၈၆၇)စပါးစိုက်​(၄)ဧကဦးပိုင်​အမှတ်​(၇၉/၁)စပါးစိုက်​​တောင်​သူဦးလှသန်း၏စပါးခင်းအားယမန်​​နေ့နံနက်​၉နာရီကစပါးမျိုးသန့်​စံကွက်​ရိတ်​သိမ်းခဲ့​ကြောင်းသိရသည်​။
အဆိုပါစပါးမျိုးသန့်​စံကွက်​ရိတ်​သိမ်းပွဲသို့မြို့နယ်​စိုက်​ပျိုး​ရေးဦးစီးဌာန၊ဒုတိယဦးစီးမှူး​ဒေါ်နွယ်​နွယ်​ခိုင်​နှင့်​စိုက်​ပျိုး​ရေးဝန်​ထမ်းများ၊မြို့နယ်​လယ်​ယာ​မြေစီမံခန့်​ခွဲ​ရေးနှင့်​စာရင်းအင်းဦးစီးဌာနဦးစီးမှူးနှင့်​​မြေစာရင်းဝန်​ထမ်းများ၊​ကျေးရွာအုပ်​ချုပ်​​ရေးမှူးနှင့်​​တောင်​သူများတက်​​ရောက်​ခဲ့ကြပြီး၊စိုက်​ပျိုး​ရေးဝန်​ထမ်းများနှင့်​​တောင်​သူများမှစု​ပေါင်းစံကွက်​ရိတ်​သိမ်းခဲ့ကြ​ကြောင်းသိရသည်​။       လှဝင်း(နတ်​​မောက်​)

လှဝင်း

0 comments:

Post a Comment