Tuesday, December 1, 2015

Feature ပြိုင်ပွဲအတွက် သတင်းဆောင်းပါးများ စတင်ပေးပို့နိုင်ပါပြီ။


ရန်ကုန်သတင်းစာပညာကျောင်းနှင့် မန္တလေးသတင်းစာပညာကျောင်းတွင် ၂၀၁၅ ခုနှစ်အတွင်း တက်ရောက်ခဲ့သည့် သတင်းစာဆရာ၊ ဆရာမများ ၀င်ရောက်ယှဉ်ပြိုင်နိုင်သည့် Feature Award Competition အတွက် သတင်းဆောင်းပါးများ စတင်ပေးပို့နိုင်ပါပြီ။

၂၀၁၅ ခုနှစ် ဇန်န၀ါရီလ ၁ရက်နေ့မှ ဒီဇင်ဘာလ ၃၁ရက်နေ့အတွင်း ပုံနှိပ်/ထုတ်လွှင့် ဖေါ်ပြပြီးဖြစ်သည့် သတင်းဆောင်းပါးများထဲမှ မိမိအနှစ်သက်ဆုံးဆောင်းပါး ၁ပုဒ် (သို့မဟုတ်) အများဆုံး ၂ပုဒ်ကို ရွေးချယ်ပြီး ပေးပို့ရမည်ဖြစ်သည်။ သတင်းဆောင်းပါးများကို ဒီဇင်ဘာလ ၁ရက်နေ့မှ စတင်၍ ပေးပို့နိုင်ပါသည်။ နောက်ဆုံးပေးပို့ရမည့် အချိန် (Deadline) သည် ဒီဇင်ဘာလ ၃၁ရက် ညနေ ၅နာရီ ဖြစ်ပါသည်။

ယခင်နှစ်များတွင် ချီးမြှင့်ခဲ့သည့် The Best Written Feature Award, The Best Impact Feature Award, The Best Profile Feature Award စသည့် ဆုများအပြင် ယခုနှစ်တွင် အထူးဆုအနေဖြင့် အကောင်းဆုံး ရွေးကောက်ပွဲ ဆိုင်ရာ သတင်းဆောင်းပါးဆု (The Best Election Feature Award) ကို ထည့်သွင်းထားပါသည်။

မိမိပေးပို့လိုသည့် သတင်းဆောင်းပါး ပါဝင်သော သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း မူရင်း (သို့မဟုတ်) အသံဖိုင်၊ ရုပ်သံဖိုင်ကို Yangon Journalism School သို့ လူကိုယ်တိုင် (သို့မဟုတ်) လူကြုံဖြင့် ပေးပို့နိုင်ပါသည်။ သတင်းစာ ဂျာနယ်၏ original pdf version၊ website ရှိပါက သတင်းဆောင်းပါး၏ link ကိုyangonjournalismschool@gmail.com သို့ ပေးပို့၍လည်း ပြိုင်ပွဲဝင်နိုင်ပါသည်။ တနင်္လာနေ့မှ သောကြာနေ့အထိ နံနက် ၉း၃၀ မှ ညနေ ၄း၃၀ အတွင်း လာရောက်ပေးပို့နိုင်ပါသည်။ မြန်မာဘာသာဖြင့်ရေးသားထားသော သတင်းဆောင်းပါးများသာမက အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသော ဆောင်းပါးများဖြင့်လည်း ပြိုင်ပွဲဝင်နိုင်ပါသည်။

နယ်မှ သင်တန်းသားများအနေဖြင့် Scan ဖတ်ပြီး yangonjournalismschool@gmail.com သို့ ပေးပို့နိုင်ပါသည်။ ဆုရွေးချယ်ရေးအဖွဲ့က ၂၀၁၅ ဇန်န၀ါရီလအတွင်းမှာ ဆုရရှိသူများကို ကြေညာပြီး အခမ်းအနားဖြင့် ပေးအပ်ပါမည်။ ယှဉ်ပြိုင်သူများထဲမှ အနည်းဆုံး ၅ဦးကို ရွေးချယ်ပေးအပ်မည် ဖြစ်ပါသည်။

အသေးစိတ်စုံစမ်းလိုသူများအနေဖြင့် ဖုန်း ၀၉၄၂၁၁၁၄၆၁၈ သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

-- 
Thiha Maung Maung
Program Manager
Yangon Journalism School
No. 96, 4th Floor, Upper Pazundaung Road, Pazundaung Township, Yangon, 
Myanmar.
O: (+95) 9421114618
M: (+95) 9420035652

Email: thihamaungmaung@gmail.com
Skype: thihamm

Facebook: www.facebook.com/yangonjschool

0 comments:

Post a Comment