Thursday, December 17, 2015

မကွေးမြို့ပေါ်တွင် ပလပ်ခုံတစ်ခုတည်း မီးများစုပြုံ သုံးစွဲ၍ မီးလောင်မှုဖြစ်ပွား

၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာဘ ၁၆ ရက်
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ အမှတ်၂ နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ သည် ဒီဇင်ဘာလ ၁၆ ရက်နေ့ ညနေ(၃)နာရ်ီအချိန်ခန့်တွင် မကွေးမြို့ အောင်မေတ္တာ(ဃ)ရပ်ကွက် အဝေရာလမ်း ၃လမ်း နှင့် ၄လမ်းကြားမီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ သွားရောက်စစ်ဆေးရာ အိမ်ရှင်ဒေါ်ထွေး(၇၀)နှစ် အဘ ဦးးသောင်းရွှေ၏ (၂၀×၁၅)ပေ  ၀ါးကြမ်းခင်း၊ ၀ါးထရံကာ၊သွပ်မိုး တိုက်ခံ နှစ်ထပ်နေအိမ် အပေါ်ထပ် ရှိ ပလပ်ခုံတစ်ခုတည်းတွင် ရေခဲသေတ္တာ ရေစက် နှင့် အခြားမီးများကို အသုံးပြုထားရာ ၄င်းပလပ်ခုံမှတဆင့်  အပူလွန်ကဲပြီး ရေခဲသေတ္တာပေါ်ရှိ သတင်းစာစက္ကူများမှ တဆင့်မီးကူးစက်လောင်ကျွမ်းခဲ့ကြောင်း သိရသည်။
သတင်းအရ မကွေးတိုင်းဒေသကြီး မီးသတ်ဦးစီးမှူး
ဒုညွှန်မှူး ဦးအောင်ဝင်းစိန်နှင့် မီးသတ်တပ်ဖွဲ့ဝင်( ၃၄) ဦး အရန် (၂၃)ဦး မီးသတ်ကား(၆)စီး ရေကား(၂)စီးတို့သွားရောက်ငြိမ်းသတ်ခဲ့ရာ ညနေ(၃)နာရီ (၂၀)မိနစ်အချိန် မီးငြိမ်းသွားခဲ့သည်။ အဆိုပါနေအိမ် အပေါ်ထပ် မီးလောင်းကျွမ်းရာ ခန့်မှန်း ဆုံးရှုံးမှု့ စုစုပေါင်းတန်ဖိုး (၁၅၀၀၀၀ိ/-)ကျပ်တစ်သိန်းငါးသောင်းခန့်မီးလောင်ဆုံးရှုံး ခဲ့သဖြင့် မီးပေါ့ဆစွာ သုံးစွဲသူ ဒေါ်ထွေးအား မကွေးမြို့နယ် အမှတ် (၂)နယ်မြေရဲစခန်းမှ (ပ)၃၀၁/၂၀၁၅၊ ပြစ်မှု ဆိုင်ရာ ဥပဒေပုဒ်မ ၂၈၅ အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျှက်ရှိ ကြောင်း သတင်းရရှိပါသည်။ မကွေး ချစ်ပေါက်

0 comments:

Post a Comment