Wednesday, December 16, 2015

အမွှာညီအစ်ကိုချင်း စကားများရာမှ တူမီးသေနတ်ဖြင့်ပစ်၍ သေဆုံး


ဆော      ဒီဇင်ဘာ      ၁၅

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်၊ အညာပန်းပလွန်းကျေးရွာ၏ အရှေ့ မြောက်ဘက် (၁)မိုင် ခွဲခန့်အကွာ ၄င်းကျေးရွာနေ ဦးဘိုတင်၏ လယ်တွင်နေ့စား အငှားဖြစ်သော တစ်ရွာတည်းနေ အမွှာညီအစ်ကို များဖြစ်သည့် သန်းဌေး(၅ဝ)နှစ်နှင့် သိန်းဌေး(၅ဝ)နှစ်တို့သည် ဒီဇင်ဘာလ ၁၄ ရက် နေ့လည် (၂)နာရီခွဲအချိန်ခန့် စပါးစိုက်ပြီး ထမင်းစားနားနေစဉ် ညီဖြစ်သူ သန်းဌေးမှ ဘောင်းဘီရှည်ဝတ်သည်ကို အစ်ကိုဖြစ်သူ သိန်းဌေးမှ ''အခြောက်နှင့်တူသည်''ဟု ပြော ဆို၍ စကားများ ရန်ဖြစ်ခဲ့ရာ သန်းဌေးမှ ထမင်း စားသည့်နေရာနှင့် အရှေ့ဘက်(၃၅)ပေခန့်အကွာရှိ ကောက်ရိုးပုံတွင် ဝှက်ထားသော ၄င်းကိုင်ဆောင်သည့် ပြောင်းအကျယ် ၅ မူးလုံး၊ ပြောင်းအရှည် ၂ ပေ ၆ လက်မ၊ သစ်သားဒင် ၁ ပေ ၆ လက်မရှိ တူးမီးသေနတ်အားယူဆောင်၍ (၂၅) ပေခန့်အကွာမှ ပစ်ခတ်ရာ ထမင်းစားနေသည့်နေရာတွင် ထိုင်နေသော သိန်းဌေး၏ ဘယ်ဘက်ရင်အုံအားထိမှန်၍ နောက်ကျောမှ ကျည်ဖောက်ထွက်ကာ ထိုင်နေသည့်နေရာမှထပြေးစဉ် (၈)ပေခန့် အကွာတွင် လဲကျသေဆုံးသွားခဲ့သဖြင့် သန်းဌေးအား ဆောမြို့နယ် ၊ ကျောက်ထုနယ်မြေရဲစခန်း(ပ) ၇၇/၂ဝ၁၅၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃ဝ၂အရ အမှုဖွင့်အရေးယူ ဆောင်ရွက် လျှက် ရှိကြောင်း သိရှိရသည်။
မောင်ညီညာ(မြေလတ်)

0 comments:

Post a Comment