Friday, December 25, 2015

မိမိကိုယ်ကို သေကြောင်းကြံစည်သူအား အမှုဖွင့် အရေးယူ


နတ်မောက်       ဒီဇင်ဘာ      ၂၂

ဒီဇင်ဘာ ၂၁ ရက်နေ့ ညနေ (၃)နာရီခွဲအချိန်ခန့်က မကွေးခရိုင်၊ နတ်မောက်မြို့နယ်၊ သားမျှားဘူတာကျေးရွာနေ ကျော်သက်ဦး (ခ)၀က်ကြီး (၃၅)နှစ်သည် မိမိလည်ပင်းကို ကိုယ်တိုင် ဓါးဖြင့်လှီးသဖြင့် ဒဏ်ရာရရှိကြောင်း သတင်းအရ သားမျှား လှုပ်ရှားရဲကင်းမှ ရဲတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးရာ ကျော်သက်ဦး (ခ)၀က်ကြီးသည် အရက် အလွန် အကျွံ သောက်စား၍ အရက်ကြောင်ကြောင်ပြီး အရိုး(၄)လက်မ၊ အသွား(၄) လက်မ၊ ဗျက်(၁) လက်မခန့်ရှိ အ၀ါရောင် ကော်ရိုးတပ် စတီးဓါးဖြင့် မိမိကိုယ်ကို လည်ပင်းအား လှီးဖြတ်ရာ ဒဏ်ရာများ ရရှိခဲ့သဖြင့် မိမိကိုယ်ကို သေကြောင်း ကြံစည်သူ ကျော်သက်ဦး (ခ)၀က်ကြီးအား နတ်မောက်  မြို့မရဲစခန်းမှ အမှုဖွင့် အရေးယူ ဆောင်ရွက် လျှက်ရှိကြောင်း သိရှိရသည်။
မောင်ညီညာ(မြေလတ်)

0 comments:

Post a Comment