Tuesday, December 29, 2015

ကြံသီးနှံ တစ်ဆစ်ခြင်း စံပြကွက် တောင်သူပညာပေး ကွင်းသရုပ်ပြပွဲ ကျင်းပ


ကံမ      ဒီဇင်ဘာ     ၂၈
မကွေးတိုင်းဒေသကြီး သရက်ခရိုင် ကံမမြို့နယ် ဓမ္မသော်ကျေးရွာတွင် ကြံသီးနှံ တစ်ဆစ်ခြင်း စံပြကွက် တောင်သူပညာပေး ကွင်းသရုပ်ပြသပွဲကို ယနေ့ မွန်းလွဲ(၁)နာရီက တောင်သူ ဦးသောင်းညွန့်၏(၂)ဧကစိုက်ပျိုး ခင်းအတွင်း ကျင်းပရာ စိုက်ပျိုးရေးဦးစီိးဌာန(စက်မှု့သီးနှံ)ဒုတိယတိုင်းဦးစီးမှူး၊မြို့နယ် အုပ်ချုပ်ရေးမှူးနှင့်  မြို့နယ် အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တောင်သူများ တက်ရောက်ခဲ့သည်။
ကွင်းသရုပ်ပြပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူးဦးကျော်စိုးမိုးထွန်းက အဖွင့်အမှာစကားပြောကြားပြီး တိုင်းဒေသ ကြီး စိုက်ပျိုးရေးဦးစီးဌာန(စက်မှု့သီးနှံ)ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်လွင်က ကြံသီးနှံစိုက်ပျိုးရေးဆိုင်ရာ များကို အကျယ်တ၀င့် ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန (စက်မှု့သီးနှံ)မှ မြို့နယ်ဦးစီးမှူး ဦးဇော်မင်းနိုင်က ကြံသီးနှံ စိုက်ပျိုး ထုတ်လုပ်မှု့ တိုးတက်ရေးဆိုင်ရာများ၊ကြံသီးနှံ တစ်ဆစ်ချင်း စိုက်ပျိုးနည်းစန်စနှင့် ကြံသီးနှံ တစ်ဧက အထွက်တိုးရေးလုပ်ငန်းများအား ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။ ဆွေးနွေးပွဲအပြီးတွင် တက်ရောက်လာသည့် တောင်သူများအား တောင်သူဦးသောင်းညွန့်စိုက်ပျိုးထားသည့် ကြံသီးနှံ တစ်ဆစ်ခြင်း(၂)ဧကစိုက်ပျိုးထားရှိ မှု့အား လက်တွေ့ ကွင်းသရုပ်ပြသပြီး ရှင်းလင်းဆွေးနွေးပေးခဲ့ရာ တောင်သူများ အထူးစိတ်ဝင်စားလျက်ရှိပြီး စိုက်ပျိုးနည်းစန်စနှင့်ပတ်သက်၍ တောင်သူများသိရှိလိုသည့် မေးမြန်းမှုများအား တာဝန်ရှိသူများက သဘောပေါက် နားလည်အောင် လက်တွေ့ သရုပ်ပြသဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment