ငဖဲ ဒီဇင်ဘာ
၈
မကွေးတိုင်းဒေသကြီး ငဖဲမြို့နယ်တွင် ပိုလီယိုကာကွယ်ဆေး အသစ်ထည့်သွင်းထိုးနှံခြင်း
နှင့် ပတ်သက်၍ ပြည်သူများ ကျယ်ပြန့်စွာသိရှိနိုင်ရန်အတွက် အသိပေးရှင်းလင်းဆွေးနွေးပွဲကို
မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ယနေ့မွန်းလွဲ ၂ နာရီက ကျင်းပခဲ့သည်။
ဆွေးနွေးပွဲတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး
ဦးချမ်းသာက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဇော်အောင်က
ပိုလီယို ရောဂါလုံးဝပပျောက်စေရန် ရည်မှန်းချက်ဖြင့် ပိုလိယိုကာကွယ်ဆေးကို အစက်ချဆေးအပြင်
ထိုးဆေးကို ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်တွင် ၂၀၁၅ခုနှစ် ဒီဇင်ဘာလမှစတင်ပြီး အသက်(၄)
လအရွယ်ကလေးငယ်များကိုထိုးနှံပေးမည့်လုပ်ငန်းစဉ်များ ပုံမှန်ကာကွယ်ဆေးထိုးဆေးတိုက်ခြင်း
အစီအစဉ်များ ပိုလီယိုရောဂါပိုးသည် ရောပိုးရှိလူနာ၏ မစင်မှတဆင့် အစာနှင့်ရေများသို့ရောက်
ရှိကာ ထိုမှတဆင့်အခြားလူတစ်ယောက်တွင် ရောဂါကူစက်ဖြစ်ပွားစေကြောင်း၊ယခုလမှစ၍ အသက်(၄)လအရွယ်
ကလေးများကို ပိုလီယိုအစက်ချကာကွယ်ဆေး ငါးမျိုးစပ်ကာကွယ်ဆေး တို့နှင့် အတူတွဲ၍တစ်ပြိုင်နက်
ထိုးနှံပေးမည်ဖြစ်သည့်အတွက် ဌာနဆိုင်ရာများနှင့်လူမှုရေးအဖွဲ့ အစည်းများက ပိုလီယိုကာကွယ်ဆေးထိုး၊ဆေးတိုက်ခြင်းများတွင်
ဝိုင်းဝန်းကူညီဆောင်ရွက်ပေးရန် အသိပေးရှင်းလင်းဆွေးနွေးကြောင်း
သိရသည်။
သန်းနိုင်ဦး(ငဖဲ)
0 comments:
Post a Comment