Wednesday, December 16, 2015

တောင်တွင်းကြီး၌ဆောင်းမြေပဲများလှိုင်လှိုင်ပေါ်နေစားအလုပ်သမားများဝင်ွငွေကောင်း


တောင်တွင်းကြီး                          ဒီဇင်ဘာ                                      ၁၆
မကွေးတိုင်းဒေသကြီးတောင်တွင်းကြီးlမြို့သစ်lနတ်မောက်lမကွေးlအောင်လံ
စသည့်မြို့နယ်များအတွင်းရှိကျေးလက်ဒေသများ၌ဒေသခံတောင်သူများစိုက်
ပျိုးထားသည့်ဆောင်းမြေပဲများလှိုင်လှိုင်ပေါ်ထွက်ချိန်ဖြစ်၍ပဲနုတ်lပဲဆွတ်
နေစားအလုပ်သမားများဝင်ငွေကောင်းလျှက်ရှိကြောင်းသိရသည်။
           ယခုထွက်ရှိသည့်ဆောင်းမြေပဲများကိုမိုးဦးသီးနှံပဲတီစိမ်းဆွတ်ခူးပြီး
တော်တလင်းလတွင်စိုက်ပျိုးကာနတ်တော်လ၌လှို င်လှိုင်ထွက်ရှိခဲ့သည်။
ယခုနှစ်ဆောင်းမြေပဲစောစောစိုက်ရသောတောင်သူများမှာအစိုဓာတ်ရရှိမှု
ကောင်း၍မြေပဲဥနုန်းကောင်းသော်လည်းစိုက်ရက်နောက်ကျမှစိုက်ပျိုးခဲ့ကြ
ရသည့်တောင်သူများမှာမြေပဲဥထွက်နုန်းနည်းကြောင်းနှင်မြေပဲနုတ်ရန်နေစားအလုပ်သမားတစ်ဦးလျှင်တစ်ရက်စရိတ်ငြိမ်း ၄၀၀၀ကျပ်ပေးငှားရပြီးမြေပဲ
ဆွတ်ခတစ်တင်းလျှင်တစ်ထောင်ကျပ်ပေးရကြောင်းပဲဆွတ်နေစားတစ်ဦး
လျှင်တစ်ရက်ငွေကျပ်လေးထောင်မှငါးထောင်အထိရရှိသဖြင့်နေစားအလုပ်
သမားများဝင်ငွေကောင်းလျှက်ရှိကြောင်းဒေသခံနေစားအလုပ်သမားတစ်ဦးကပြေားကြားသည်။
      နိုင်ဝင်း

0 comments:

Post a Comment