Saturday, December 12, 2015

ဆိုင်ကယ်အရှိန်ပြင်းမောင်း၍ နောက်မှထိုင်စီးသူ အမျိုးသမီး ပြုတ်ကျသေဆုံး


ကံမ      ဒီဇင်ဘာ       ၁၀

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၊ ကြို့ပင်နယ်မြေ ရဲစခန်းမှ ရဲတပ်ဖွဲ့ ၀င်များသည် ဒီဇင်ဘာ ၉ ရက်နေ့ ညနေ (၄)နာရီခွဲအချိန်ခန့်က စီကျေးရွာတံတားအနီး၊ ပုသိမ်-မုံရွာကားလမ်း မိုင်တိုင် အမှတ် ၁၈၅/၄ နှင့် ၁၈၅/၅ အကြားတွင် ဆိုင်ကယ်ပေါ်မှ လူတစ်ဦးပြုတ်ကျ သေဆုံးကြောင်း သတင်းအရ သက်သေများနှင့် အတူသွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

စစ်ဆေးချက်အရ ၄င်းလမ်းအတိုင်း ဥသျှစ်ပင်ရွာဘက်မှ မင်းတုန်းမြို့နယ်ဘက်သို့ ကံမမြို့နယ်၊ ဖရုံလှကျေးရွာနေသူ နေဇော်အောင် (၂၀)နှစ် မောင်းနှင်ပြီး နောက်မှ တစ်ရွာတည်းနေ မကြည်မြင့် (၃၈)နှစ် လိုက်ပါလာသည့် ၁၉ယ/xxxxx MARBO-110 နီ/ နက်ကြား ဆိုင်ကယ်သည် အရှိန်ပြင်း မောင်းနှင်လာစဉ် မကြည်မြင့်မှာ ဆိုင်ကယ်ပေါ် မှ ပြုတ်ကျကာ ဒဏ်ရာများရရှိပြီး အခင်းဖြစ် နေရာတွင် သေဆုံးသွားကြောင်း သိရှိရသဖြင့် ဆိုင်ကယ် မဆင်မခြင် မောင်းနှင်သူ နေဇော်အောင် အား ကံမမြို့နယ်၊ ကြို့ပင်နယ်မြေ ရဲစခန်း ယာဉ်(ပ) ၇/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၀၄-က အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သိရှိရသည်။
မောင်ညီညာ(မြေလတ်)

0 comments:

Post a Comment