Friday, December 4, 2015

ကမ်းပါးကပြို  ရွာကအတည်မရှိ ကန်ထရိုက်က ကျောင်းဆက်ဆောက်မည်ဟုဆို


    မင်းဘူး/စကုမြို့နယ် မန်းကျိုးကျေးရွာအုပ်စု ထုံးမကြီးကျေးရွာသည် သဘာဝဘေးဖြစ်သော ဆိုးရွာစွာ ကမ်းပါးများပြိုကြမှုများကြောင့် တစ်ရွာလုံး
နီးပါး ရွေ့ပြောင်းနေရကာ ရွာအတည်မပြုနိင်သေးဘဲ ကန်ထရိုက်က ကျောင်းဆက်ဆောက်မည်ဟုဆို၍ ရွာလူထုမှ ကျောင်းဆက်လက်မဆောက်ပါရန် ဒီဇင်ဘာ ၃ရက်နေ့က  လက်မှတ်ရေးထိုးကာ တိုင်းပညာရေးဌာနအပါအဝင် တာဝန်ရှိ ဌာနများအား
တင်ပြထားကြောင်း ဦးဆောင်သူ ဒေါ်ယဉ်မူ၏ ပြောကြားချက်အရ သိရှိရသည်။
   ရွာက ကမ်းပါးတွေပြိုလာတာ မူလတန်းကျောင်း ရွေ့ပြောင်းရပါတယ် ဆက်မပြိုလောက်ဘူးထင်ပြီး ရွာက တအိိမ်ထောင် ၅၀၀၀ကျပ်နှုန်း ကောက်ခံပြီး ၁၂သိန်းနဲ့ မြေဝယ်ပါတယ် ပညာရေးက ချပေးငွေနဲ့ ကန်ထရိုက်ရတဲ့သူက ဆောက်နေပါတယ် အခုကမ်းပါးဆက်ပြိုနေလို့ ရွာလုံးကျွတ်နီးပါး ရွေ့နေရတယ် ရွာတည်မည့်နေရာ အတည်ပြုချက်ကမရှိ အခုဆက်ဆောက်လဲ ကမ်းပါးပြိုတဲ့ထဲ ပါသွားနိင်တယ် ဒါကြောင့် ကျမတို့ရွာ
လူထုက ကန်ထရိုက်ဆိုတဲ့ ဦးကျော်မင်းသန်းကို ပြောပြပါတယ် ၊သူက အခုဆောက်ပြီးတဲ့အထိ သိန်း၅၀ကုန်ကျထားတယ် ခင်ဗျားတို့ စိုက်လျော်ပေး
မလား အခုဆောက်တာ ခင်ဗျားတို့ငွေ မဟုတ်ဘူး အခုအစိုးရငွေ ကမ်းပါးပြိုတဲ့အထဲ ပါသွားလဲ ဘာဖြစ်လဲ နောက်အစိုးရ တက်လာရင် ဆက်ပေးလိမ့်မယ် ကျနော်က ဆက်ဆောက်မယ်လို့ ပြောပါတယ် ၊မီဒီယာတွေကို ဘာလို့ခေါ်တာလဲ သူတို့က ဖွတာ ဘာမှလုပ်မပေးနိင်ဘူး ပညာရေးနဲ့ အုပ်ချုပ်ရေးကို သွားပြောကြလို့ အပြောခံရပါတယ်ဟု ထုံးမကြီး
ကျေးရွာမှ ဒေါ်ယဉ်မူက ပြောသည် ။
      မြို့နယ်ပညာရေးမှူးက ကျမတို့ကတော့ အခုအစိုးရ ဘတ်ဂျက်ဖြစ်လို့ ဆက်ဆောက်မယ် ၊ရှင်တို့တောင်းတဲ့ ကျောင်းနဲ့ပတ်သက်ပြီး အတည်ပြုချက် မပေးနိင်ပါဘူးဟု သတင်းမီဒီယာများသို့ ပြောသည်။
    မကွေးတိုင်းပညာရေးဌာနမှ တာဝန်ရှိသူ တစ်ဦးက ထုံးမကြီးကျေးရွာမှာ ပညာရေးက ဘတ်ဂျက် သိန်း၂၁၆သိန်းနဲ့ ပေ၆၀ ပေ၃၀ အုတ်ညပ်၁ထပ် မူလတန်းကျောင်းဆောက်ဖို့ King Tree ကုမ္ပဏီက တာဝန်ယူထားတာပါ
နိဝင်ဘာ ၃၀ရက်နေ့ အပြီးတည်ဆောက်ရပါမယ် အခု၂၅ရာခိုင်နှုန်းဘဲ ပြီးပါသေးတယ် အဲ့ဒီအတွက် အရေးယူမှုတော့ မရှိသေးပါဘူးဟု ပြောသည်၊
   မင်းဘူး/စကုမြို့နယ် အုပ်ချုပ်ရေးမှူး ဦးညီညီဝင်းက ဟုတ်ပါတယ် ဒီဇင်ဘာ ၃ရက်နေ့က ကျောင်းဆက်မဆောက်ဖို့  တင်ပြတဲ့စာရောက်ပါတယ် ကျနော် ခရိုင်ပညာရေးမှူးးကို ဆက်သွယ်ပြောထားပါတယ် ကမ်းပါးကလဲ ပြို ရွာကလဲ အတည်မပြုရသေးပါဘူး ဟုပြောသည်။
                  ရဲမင်း(မင်းဘူး)

ု

0 comments:

Post a Comment