Saturday, December 12, 2015

ဒီဇင်​ဘာအားကစားလအတွင်းလူထုအားကစားပြိုင်​ပွဲများကျင်းပမည်


နတ်​​မောက်​        ဒီဇင်​ဘာ ၁၀
မ​ကွေးတိုင်း​ဒေသကြီးနတ်​​မောက်​မြို့တွင်​မြို့နယ်​အားကစားနှင့်​ကာယပညာဦးစီးဌာနကကြီးမှူး၍ဒီဇင်​ဘာအားကစားလအတွင်းလူထုအားကစားပြိုင်​ပွဲများကျင်းပမည်​ဖြစ်​သည်​။
ဒီဇင်​ဘာအားကစားလအတွင်းကျင်းပမည့်​လူထုအားကစားပြိုင်​ပွဲများမှာဒီဇင်​ဘာ၁၃ရက်​​နေ့မှ(၁.၁.၂၀၁၆)အထိမြို့နယ်​အားကစားနှင့်​ကာယပညာ​ကော်​မတီဥက္ကဌဖလားရပ်​ကွက်​/​ကျေးရွာအသက်​(၂၃)နှစ်​​အောက်​​ဘော့လုံးပြိုင်​ပွဲများ၊ဒီဇင်​ဘာ၁၄ရက်​တွင်​ဗိုလ်​​တေဇအားကစားပြိုင်​ကွင်းအတွင်းမီတာ(၄၀၀၊၃၀၀၀၊၅၀၀၀)အ​ခြေခံ​ကျောင်း​ပေါင်းစုံ​ပြေးခုန်​ပစ်​ပြိုင်​ပွဲများ၊တန်းမြင့်​ခုန်​၊အလျားခုန်​၊သံပြားပြစ်​၊သံလုံးပြစ်​၊ဒီဇင်​ဘာ၁၅ရက်​တွင်​မီတာ(၁၀၀၀၀၊၅၀၀၀၊၁၅၀၀၊၁၀၀)နှင့်​တန်းမြင့်​ခုန်​၊အလျားခုန်​၊သံလုံးပြစ်​၊သံပြားပြစ်​၊ဒီဇင်​ဘာ၁၆ရက်​တွင်​မီတာ၈၀၀၊မီတာ၁၀၀လက်​ဆင့်​ကမ်းပြိုင်​ပွဲများကိုစည်​ကားသိုက်​မြိုက်​စွာကျင်းပသွားမည်​ဖြစ်​သည်​။အဆိုပါအားကစားပြိုင်​ပွဲများကိုမြို့နယ်​အ​ထွေ​ထွေအုပ်​ချုပ်​​ရေးဦးစီးဌာနမှဦးစီး၍မြို့နယ်​အားကစားနှင့်​ကာယပညာ​ကော်​မတီအဖွဲ့၏ကြီးကြပ်​မှုဖြင့်​မြို့နယ်​အဆင့်​ဌာနဆိုင်​ရာတာဝန်​ရှိသူများ၊မြို့နယ်​အဆင့်​​ကော်​မတီဝင်​များနှင့်​ရပ်​ကွက်​အုပ်​ချုပ်​​ရေးမှူးများကသက်​မှတ်​ရက်​များတွင်​ဦးစီးကျင်းပသွားမည်​ဖြစ်​​ကြောင်းသိရသည်​။
လှဝင်း(နတ်​​မောက်​)

0 comments:

Post a Comment