Monday, December 14, 2015

မြန်မာနိုင်​ငံကြက်​​ခြေနီအသင်းရုပ်​မြင်​သံကားစက်​လှူဒါန်းခြင်း

နတ်​​မောက်​        ဒီဇင်​ဘာ ၁၃
မြန်​မာနိုင်​ငံကြက်​​ခြေနီအသင်းနတ်​​မောက်​မြို့နယ်​ကြက်​​ခြေနီအသင်းခွဲမှမြန်​မာနိုင်​ငံကြက်​​ခြေနီအသင်းရုပ်​မြင်​သံကြားစက်​လှူဒါန်းခြင်းကိုဒီဇင်​ဘာ၁၃ရက်​နံနက်​၉နာရီကမြို့နယ်​ကြက်​​ခြေနီအသင်းခွဲရုံးတွင်​ကျင်းပခဲ့သည်​။
အဆိုပါအခမ်းအနားတွင်​မ​ကွေးတိုင်း​ဒေသကြီးကြက်​​ခြေနီကြီးကြပ်​မှု​ကော်​မတီ၊ဦးစီးမှူးဦး​ကျော်​နိုင်​မှအဖွင့်​အမှာစကား​ပြောကြားပြီးမြန်​မာနိုင်​ငံကြက်​​ခြေနီအသင်း​ဘေးဒုက္ခစီမံခန့်​ခွဲ​ရေဌာနOperation Manager​ဒေါ်​အေး​အေးသန့်​နှင့်​Operation delegateမစ္စတာဂျက်​စပါတို့ကရုပ်​မြင်​သံကြားစက်​များကို​ကျေးရွာစာကြည့်​တိုက်​များနှင့်​ဘုန်း​တော်​ကြီးသင်​မူလတန်း​ကျောင်းများသို့လှူဒါန်း​ပေးရခြင်းအားရှင်းလင်းခဲ့သည်​။ထို့​နောက်​မြန်​မာနိုင်​ငံကြက်​​ခြေနီအသင်း​ဘေးဒုက္ခစီမံခန့်​ခွဲ​ရေးဌာနOperation Manager​ဒေါ်​အေး​အေးသန့်​နှင့်​Operation delegateမစ္စတာဂျက်​စပါတို့မှမြို့နယ်​ကြက်​​ခြေနီအသင်းခွဲရုံး၊မြို့နယ်​သာသနဟိတစာကြည့်​တိုက်​၊​အောင်​ဆန်းပန်းတိုင်​ဘုန်း​တော်​ကြီးသင်​မူလတန်း​ကျောင်းနှင့်​ကုလားရှင်​​ကျေးရွာဘဝအမြင်​စာကြည့်​တိုက်​များတို့အားရုပ်​မြင်​သံကြားစက်​(SAMSUNG 40Inch)တစ်​လုံးစီ​ပေးအပ်​လှူဒါန်းခဲ့​ကြောင်းသိရသည်​။      လှဝင်း(နတ်​​မောက်​)

0 comments:

Post a Comment