Wednesday, December 16, 2015

စားသုံးသူအကာအကွယ်ပေးရေးနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

မင်းဘူး        ဒီဇင်ဘာ        ၁၆
ပြည်သူအများ စားသုံးသူအခွင့်အရေးများကို သိရှိနားလည်၍ တောင်းဆိုရယူနိုင်ရန်နှင့် ကုန်စည် ၀န်ဆောင်မှုကို သုံးစွဲရာတွင် လိမ်လည်လှည့်ဖြားမှုမခံရစေရန်၊စားသုံးသူတို့၏ အခွင့်အရေးများကို ထိရောက်စွာ ကာကွယ်နိုင်သောစနစ်တစ်ရပ်ပေါ်ပေါက်လာစေရန်၊စားသုံးသူအား ဥပဒေအရအကာအကွယ်ပေးခြင်း၊မှန်ကန် ရှင်းလင်းသည့် သတင်းအချက်အလက်များ ဖြန့်ဝေအသိပေးခြင်းဆိုင်ရာ စားသုံးသူအကာအကွယ်ပေးရေးလုပ် ငန်းအစီအမံပေါ်ပေါက်လာစေရန်၊စီးပွားရေးလုပ်ငန်းရှင်တို့က စားသုံးသူအကာအကွယ်ပေးရေးလုပ်ငန်းအပေါ် အလေးထားလိုက်နာခြင်းဖြင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် တာဝန်ယူမှုရှိသောအပြုအမှုများ မြင်တတ်စေ ရန်နှင့် စားသုံးသူဘေးဥပါဒ်အန္တရာယ်ကင်းရှင်းရေး၊ကျန်းမာရေး၊စိတ်ကျေနပ်မှုရရှိစေရေးတို့အတွက် အာမခံ ချက်ပေးနိုင်သည့် အရည်အသွေးမြင့်မားသော ကုန်စည်(သို့)၀န်ဆောင်မှုဖော်ဆောင်ဖြည့်ဆည်းပေးစေရန် ရည်ရွယ်၍ စားသုံးသူအကာအကွယ်ပေးရေးနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကို ဒီဇင်ဘာလ (၁၆)ရက်နေ့ နံနက်(၀၉း၃၀)နာရီက မင်းဘူးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အလုပ်ရုံဆွေးနွေးပွဲတွင် တိုင်းဒေသကြီး အငြင်းပွားမှုဖြေရှင်းရေးအဖွဲ့ အတွင်းရေးမှူး ဦးမြင့်ဇော်ဦးမှ အဖွင့်အမှာစကားပြောကြားပြီး၊ခရိုင်အုပ်ချုပ်ရေးမှူး ဦးဆန်းလှိုင်မှ နှုတ်ဆက်စကားပြောကြားပါသည်။
ထို့နောက် တိုင်းစိုက်ပျိုးရေးဦးစီးဌာန၊ဒု-တိုင်းဦးစီးမှူး ဦးမြင့်စိန်မှ ဘေးအန္တရာယ်ကင်းရှင်းပြီး အရည် အသွေးကောင်းမွန်မှန်ကန်သည့် သီးနှံထွက်ကုန်များ ရရှိရေးခေါင်းစဉ်ဖြင့် ဆွေးနွေးဟောပြောပြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊တိုင်းတာဝန်ခံ ဒေါက်တာပြည့်ထူးမှ လုံခြုံစိတ်ချရသော အစား အသောက်၊ သုံးခွင့်မပြုသော ဆိုးဆေးများနှင့်စပ်လျဉ်း၍ ဆွေးနွေးဟောပြောပါသည်။
ဆက်လက်၍ ကုန်သွယ်မှုမြှင့်တင်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာန၊လ/ထညွှန်ကြားရေးမှူး ဦးဝမ်းမောင်မှ အာဆီယံနိုင်ငံများ၏ စားသုံးသူအကာအကွယ်ပေးရေးနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဆိုင်ရာ လုပ်န်းများ ဆောင်ရွက်မှု အခြေအနေနှင့် တိုင်းဒေသကြီး၏ စားသုံးသူအကာအကွယ်ပေးရေးနှင့် ထုတ်ကုန်လုံခြုံစိတ်ချမှုဆိုင်ရာ လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းပြောကြားခဲ့သည်။
၎င်းနောက် အစုအဖွဲ့များမှ ဒေသတွင်းရှိစားသုံးသူများကို ထိရောက်စွာ ကာကွယ်ပေးခြင်းဆိုင်ရာများကို ဆွေးနွေးတင်ပြကြပြီး တာဝန်ရှိသူများမှ ကဏ္ဍအလိုက် ပြန်လည်ရှင်းလင်း ၍ ဖော်ထုတ်ချက်များအပေါ် ဆုံးဖြတ် ချက်များရယူကာ အလုပ်ရုံဆွေးနွေးပွဲကို အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊မင်းဘူး၊ပွင့်ဖြူနှင့် စလင်းမြို့နယ်များရှိ စားသောက်ဆိုင်ပိုင်ရှင်များတက်ရောက်ဆွေးနွေးခဲ့ကြောင်းသိရှိရသည်။
တင်ထွန်းဦး(မင်းဘူး)

0 comments:

Post a Comment