Thursday, December 31, 2015

မင်းဘူးမြို့ နဂါးပွက်တောင်(ရွှံမီးတောင်)ပုံမှန် အခြေအနေတွင် တည်ရှိ


မင်းဘူး     ဒီဇင်ဘာ    ၃၀
မကွေးတိုင်းဒေသကြီး၊မင်းဘူးမြို့နယ် အမှတ်(၁)ရပ်ကွက်တွင် တည်ရှိသော နဂါးပွက်တောင် (ရွှံမီးတောင်)သည် ဂျာနယ်အချို့တွင် ဖော်ပြရေးသားထားသည့် ရွှံမီးတောင်တစ်ခု ထပ်မံထွက်ပေါ်ခြင်းမရှိဘဲ ပုံမှန် အခြေအနေအတိုင် ဆက်လက်တည်ရှိလျက်ရှိသည်။
နဂါးပွက်တောင်သာယာလှပရေးအဖွဲ့ဝင် ဦးကျော်ခိုင်လင်းမှ  တောင်မကြီးအပါအ၀င် ရွှံမီးတောင်ငယ် စုစုပေါင်း (၁၆)ခုမှာ ယခင်ကာလများကပင် ပေါ်ထွက်လျက်ရှိရာ ထပ်မံထွက်ပေါ်ခြင်းမရှိကြောင်း၊နဂါးပွက် တောင် ပရ၀ဏ်အတွင်း ရွှံစေးချော်ရည်များစိမ့်ထွက်သည့် တွင်းငယ်အချို့ ရံဖန်ရံခါ တွေ့ရှိရပြီး တစ်လအတွင်း ပြန်လည်ပိတ်ဆို့သွားတတ်ကြောင်း၊ထူးခြားသည့် ရွှံမီးတောင် ထပ်မံထွက်ပေါ်ခြင်းမှာ မဟုတ်မမှန်ပါကြောင်း
ပြောကြားချက်အရ သိရှိရသည်။
အဆိုပါ မင်းဘူးမြို့ နဂါးပွက်တောင်သို့ မြန်မာနိုင်ငံအတွင်းဘုရားဖူးလာပြည်သူများ၊စိတ်ပါဝင်စားသူများ နှင့် နိုင်ငံခြားသား ခရီသွားဧည့်သည်များ နေ့စဉ်လာရောက်၍ ကြည့်ရှု လေ့လာနေလျက်ရှိကြောင်း သိရှိရသည်။
တင်ထွန်းဦး(မင်းဘူး)

0 comments:

Post a Comment