Thursday, December 31, 2015

ပရိတ်ကြီး(၁၁)သုတ် ပါဠိတော်(အာဂုံ)ရွက်ဆိုပူဇော်မှုပြိုင်ပွဲ ဆုချီးမြှင့်ပွဲ ကျင်းပ


မကွေး     ဒီဇင်ဘာ     ၂၉
မကွေးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့မှ ကြီးမှူးကျင်းပသည့် ၂၀၁၅ ခုနှစ် (၁၆)ကြိမ်မြောက် ဗုဒ္ဓဒေသနာတော် ပရိတ်ကြီး(၁၁)သုတ် ပါဠိတော်(အာဂုံ)ရွက်ဆိုပူဇော်မှုပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီက မကွေးမြို့ မြသလွန်စေတီ မဟာဝိဇယရံသီ မှန်ကျောင်းဆောင်၌ ကျင်းပရာ တက်ရောက်လာဧည့်ပရိသတ်များနှင့်ဝတ်အသင်းအဖွဲ့များက  နမောတဿ(၃)ကြိမ်ရွက်ဆိုပူဇော်ကန်တော့ဖွင့်လှစ်ခဲ့သည်။
အဆိုပါ ပြိုင်ပွဲတွင် ဌာနဆိုင်ရာဝတ်အသင်းအဖွဲ့များ၊ ရပ်ကွက်ပေါင်းစုံနှင့် အခြေခံပညာ ကျောင်းများမှဝတ်အသင်းအဖွဲ့များ စုစုပေါင်း(၃၂)သင်း ရွက်ဆိုပူဇော်မှုပြိုင်ပွဲ ၀င်ခဲ့ကြပြီး ဌာနဆိုင် ရာ ၀တ်အသင်းများမှ ပ၊ဒု၊တနှင့်ဂုဏ်ပြုဆုများ ရရှိသည့် အသင်းများအား တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ နာယက ဒေါ်စမ်းစမ်းမြင့်က ဆုချီးမြှင့်ပေးအပ်ခဲ့ကာ တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌနှင့် အမှုဆောင်အဖွဲ့ဝင်များက ရပ်ကွက်များနှင့် အခြေခံပညာ ကျောင်းများမှ ပ၊ဒု၊တနှင့်ဂုဏ်ပြုဆုများ ဆုရရှိသည့် ၀တ်အသင်းအဖွဲ့များအား ဆုများချီးမြှင့် ပေးအပ်ခဲ့ကြောင်းနှင့် တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့မှ ဗုဒ္ဓဒေသနာတော် ပရိတ်ကြီး(၁၁) သုတ်ပါဠိတော်(အာဂုံ) ရွက်ဆိုပူဇော်မှုပြိုင်ပွဲကို နှစ်စဉ်ကျင်းပခဲ့သည်မှာ ယခုအကြိမ်တွင် (၁၆) ကြိမ်မြောက်ဖြစ်ကြောင်း သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment