အောင်လံ ဒီဇင်ဘာ ၂
မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန (စက်မှုသီးနှံ) မှ န၀ဒေး(၄)ချက်ကြံမျိုး တစ်ဆစ်ပိုင်း ပျိုးထောင်စိုက်ပျိုးနည်းစနစ် တောင်သူပညာပေး ကွင်းသ ရုပ်ပြပွဲကို ယမန်နေ့နံနက် (၈)နာရီကအောင်လံမြို့နယ် ဒုရင်္ဂဗိုလ် သကြားစက်ရုံဝန်းအတွင်းရှိ တောင်သူ ဦးမိုးနေအောင်၏ (၂)ဧက စံပြကွက်၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဆင့်က ချက်ကြံသီးနှံ ဈေးကောင်းရရှိ၍ ကြံစိုက်တောင်သူများ၏ စီးပွားရေးဘ၀ တိုးတက်နိုင်မှုများကို ရှင်းလင်းပြော ကြားပြီး စိုက်ပျိုးရေးဦးစီးဌာန(စက်မှုသီးနှံ) မြို့နယ်ဦးစီးမှူးဦးမျိုးမြင့်က ချက်ကြံသီးနှံအရည် အသွေးကောင်းမွန်မှု၏ အရေးပါသောအချက်များကို တောင်သူပညာပေးရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။
ထို့နောက် စံပြကွက်စိုက်ကွင်းတာဝန်ခံမှ တစ်ဧက အထွက်တန်နှုန်း တိုးတက်ရေးအတွက် တစ်ဆစ်ပိုင်းပျိုးထောင် စိုက်ပျိုးနည်းစနစ်များကို ကြံစိုက်ခင်းကွင်းအတွင်းလေ့လာရန်လာရောက် ကြသည့် ဒေသခံတောင်သူများအား အသိပညာပေး လက်တွေ့သရုပ်ပြ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)
0 comments:
Post a Comment