Tuesday, December 29, 2015

ဆိုက်ကယ် အရှိန်မထိန်းနိုင်ဘဲ ထော်လာဂျီအားနောက်မှ ၀င်တိုက်မိမှုဖြစ်ပွား


တောင်တွင်းကြီး     ဒီဇင်ဘာ      ၂၈

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်၊ ဆတ်သွား ရွာအနီး ချောင်းနက်-နေပြည်တော်သွားကားလမ်း မိုင်တိုင်အမှတ် ၆၃/၄ နှင့် ၆၃/၅ အကြားတွင် ဒီဇင်ဘာ ၂၇ ရက်နေ့ ညနေ(၃)နာရီ (၅၀)မိနစ် အချိန်က ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ တောင်တွင်းကြီး မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ ၄င်းလမ်း အတိုင်း ချောင်းနက်ကျေးရွာမှ နေပြည်တော်သို့ တောင်တွင်းကြီးမြို့နယ်၊ သပြေပင်ကျေးရွာနေသူ မိုးသီဟထက် (၂၂)နှစ် မောင်းနှင်လာသော ၄၂ယ/xxxx ၊ YAMASTAR 110 အနက်ရောင် ဆိုင်ကယ် သည် ရှေ့တွင် မောင်းနှင်နေသော တောင်တွင်းကြီးမြို့နယ်၊ သပြေပင်ကျေးရွာနေသူ မျိုးမင်းစိုး (၂၂) နှစ်မောင်းနှင်သည့် ၉ဌ/xxxxx လေးလုံးထိုး ထော်လာဂျီ အပြာရောင်ယာဉ်အား အရှိန်မထိန်းနိုင်ဘဲ နောက်မှဝင်ရောက် တိုက်မိသဖြင့် မိုးသီဟထက်တွင် အပြင်းအထန် ဒဏ်ရာ ရရှိခဲ့ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ဆိုင်ကယ်မဆင်မခြင် မောင်းနှင်သူ မိုးသီဟထက်အား တောင်တွင်းကြီး မြို့နယ်၊ ဆတ်သွားနယ်မြေရဲစခန်းမှ အမှုရေးဖွင့်အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သိရှိရသည်။

မောင်ညီညာ(မြေလတ်)

0 comments:

Post a Comment