မကွေးဒီဇင်ဘာ ၉
မကွေးတိုင်းဒေသကြီး ပြည်သူ့ဆေးရုံဝန်းအတွင်းရှိ ရင်ခွဲရုံဟောင်းအဆောက်အဦအားယနေ့မွန်းလွဲ
၁ နာရီ ၁၅ မိနစ်ကအမှိုက်ပုံမှတဆင့် မီးကူးစက်လောင်ကျွမ်းမှု ဖြစ်ပွားကြောင်းသိရသည်။
အဆိုပါ အဆောက်အဦးမှာသွပ်မိုး၊အုတ်ကာအလျား(၄၀)ပေ၊အနံ(၂၀)ပေရှိတစ်ထပ်
အဆောက်အဦး(ဆေးရုံကြီးကြပ်မှုကော်မတီပိုင်)ဖြစ်ကာရင်ခွဲရုံအဖြစ် နှစ်(၄၀)ခန့် အသုံးပြုခဲ့ပြီးအသုံးမပြုသည်မှာ
(၅)နှစ်ခန့် ကြာပြီဖြစ်၍ ဆေးရုံမှစွန့်ပစ် ပစ္စည်းများကိုစုပုံထားရှိခဲ့သည်။ ရင်ခွဲရုံဟောင်းမီးလောင်ကျွမ်းမှုကြောင့်
တန်ဘိုးငွေကျပ်(၅)သောင်းခန့် ဆုံးရုံးခဲ့ပြီးမီးလောင်ကျွမ်းရာသို့ မကွေးခရိုင်အုပ်ချုပ်ရေးမှူး၊ခရိုင်ရဲတပ်ဖွဲ့မှူး၊တိုင်းဒေသကြီးမီးသတ်ဦးစီးမှူးတို့၏
ဦးဆောင်မှုဖြင့်မီးသတ်ကား(၅)စီး၊မီးသတ်တပ်ဖွဲ့ဝင်(၃၀)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်(၁၅)ဦး၊မကွေးမြို့နယ်ရဲတပ်ဖွဲ့ မှူးနှင့်တပ်ဖွဲ့ဝင်များ၊ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့်ပြည်သူများက၀ိုင်းဝန်းငြှိမ်းသတ်ခဲ့ရာမွန်းလွဲ
၁နာရီခွဲအချိန်တွင် အပြီးမီးငြှိမ်းသတ်နိုင်ခဲ့ကြောင်းသိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)
0 comments:
Post a Comment