Tuesday, December 29, 2015

ဥတ္တမသီရိခန်းမဆောင်သစ်ပေးအပ်ပွဲကျင်းပ


မကွေးတိုင်းဒေသကြီး နတ်မောက်မြို့ ကုလားရှင်ကျေးရွာအခြေခံပညာအထက်တန်းကျောင်း(ခွဲ) ဥတ္တသီရိခန်းမ ဆောင်သစ် ၊ ရေလောင်းအိမ်သာ၊ အုတ်တံတိုင်း၊မုခ်ဦးဆိုင်းဘုတ် ၊ သံပန်းတခါးပေးအပ်ပွဲအခမ်းအနားကို ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ(၂၇)ရက်နေ့ နံနက် (၈)နာရီခွဲတွင် ကျင်းပကြောင်းသိရသည်။
ရှေ့ဦးစွာ မနေသူခကာရီ အုဠ်ကျောင်းဆရာတော် ဦးဥတ္တမသာရ၊ တိုင်းဒေသကြီးအစိုးရလူမှုရေးဝန်ကြီး ဦးအောင်ကျော်မင်း တိုင်းပညာရေးမှူး ဦးမြင့်သိန်း တို့မှ အခမ်းအနားအားဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
ဆက်လက်၍ ခန်းမဆောင်သစ်အတွင်းတွင် ကျောင်းသားကျောင်းသူများမှ မြန်မာ့ကျောင်းသီချင်းဖြင့် သီဆို၍ လူမှုရေးဝန်ကြီး ဦးအောင်ကျော်မင်းမှ အဖွင့်အမှာစကားပြောကြားပြီးဆရာတော်ဦးဥတ္တမသာရမှ ကျောင်းခန်းမဆောင်သစ် လှူဒါန်းရခြင်းနှင့် ပါတ်သက်၍ အနုမောဓနာစကားမြွက်ကြွားခဲ့ကြောင်းသိရသည်။
ကျောင်း၏သမိုင်းအကျဉ်းအား ကျောင်းအုပ်ဆရာမကြီး ဒေါ်မြမြစိုးမှ ရှင်းလင်းပြောကြားသည်။ ထို့နောက်ခန်းမဆောင်သစ် အလှူရှင် ဦးကျော်စိုးမိုး(စိမ်းမြန်မာလင်းကျောက်မျက်ကုမ္ပဏီ)မှ ခန်းမဆောင်သစ်နှင့် ပါတ်သက်သောစာရွက်စာတမ်းများအား ခရိုင်ပညာရေးမှူးထံပေးအပ်ခဲ့ကြောင်းသိရသည်။
အဆိုပါခန်းမဆောင်သစ်မှာ အလျား ၁၀၅ ပေ၊ အကျယ် ၃၃ ပေ၊ အုတ်တံတိုင်း(၆၆)ခန်း၊ ရေလောင်းအိမ်သာ(၁၀)လုံး၊ တန်ဖိုးငွေကျပ် သိန်း(၅၄၅)သိန်း ဖြစ်ကြောင်း သိရသည်။
အခမ်းအနားသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်စိုး ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာ အကြီးအကဲများ ဒေသခံပြည်သူများဆရာ ဆရာမများနှင့် ကျောင်းသားကျောင်းသူများ အလှူရှင်မိသားစုများ တက်ရောက်ကြကြောင်းသိရသည်။
နတ်မောက်သားမြွေဟောက်

0 comments:

Post a Comment