Friday, December 4, 2015

သောက်သုံးရေ ဖူလုံစွာရရှိစေရေး ရေပိုက်လိုင်းများ အသစ်လဲလှယ်ဆောင်ရွက်


မင်းဘူး          ဒီဇင်ဘာ         ၎
မင်းဘူးမြို့၊ အမှတ်(၄)ရပ်ကွက်တွင် ယခင်အသုံးပြုခဲ့သော ရေပိုက်လိုင်းများ ကာလကြာမြင့်လာသဖြင့် အနည်းများထိုင်ခြင်း၊ရေချိုးများပိတ်ဆို့ခြင်းများ ဖြစ်ပေါ်နေခဲ့ရာ ရေဖြန့်ဝေပေးရာတွင် အခက်အခဲများဖြစ်ပေါ် နေသဖြင့် မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ရေပိုက်လိုင်းများ အသစ်လဲလှယ်ဆောင်ရွက်ပေးနေလျက်ရှိသည်။
အဆိုပါ ရေပိုက်လိုင်းအသစ်လဲလှယ်ခြင်းအား မင်းဘူးမြို့ အမှတ်(၄)ရပ်ကွက် ဝေဠုဝန်လမ်း  ၃''PVC (၁၅၀၀)ပေ လဲလှယ်ခြင်းအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် အဖွဲ့ ရန်ပုံငွေကျပ် (၂၉၃၀၀၀၀ိ)ဖြင့် ဆောင်ရွက်လျက်ရှိပြီး ယင်းလုပ်ငန်းများပြီးစီးပါက မင်းဘူးမြို့ အမှတ်(၄)ရပ်ကွက်နေ ပြည်သူများ သောက်သုံးရေ အဆင်ပြေစွာ ဖြန့်ဖြူးပေးဝေနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။
သူရထွန်း

0 comments:

Post a Comment