Saturday, December 12, 2015

မန်းချောင်းအတွင်း ကျင်စက်ဖြင့် ရှော့တိုက် ငါးဖမ်းစဉ် ရေနစ်သေဆုံး


ငဖဲ     ဒီဇင်ဘာလ      ၁၀

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၊ သာယာကုန်းကျေးရွာနေ ဦးခင်မောင်ဝင်း (၄၈)နှစ်သည် သာယာကုန်းရွာ၏ အရှေ့ဘက် (၂)မိုင်ခန့်အကွာရှိ မန်းချောင်းအတွင်း ဒီဇင်ဘာ ၉ ရက်နေ့ ညနေ (၄)နာရီခွဲအချိန်ခန့်က ရေနစ်သေဆုံး နေကြောင်း သတင်းအရ ပဒါန်းရဲကင်းစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက် စစ်ဆေးရာ ခင်မောင်ဝင်းသည် ရေအနက် (၃)ပေ ခန့်၊ ရေပြင် အကျယ် (၂၀)ပေခန့်ရှိသော မန်းချောင်းအတွင်း တစ်ဦးတည်း ကျင်စက်ဖြင့် ငါးဖမ်းနေစဉ် ရေထဲသို့လဲကျကာ ရှော့ဖြစ်၍ဓါတ်လိုက်ပြီး ရေနစ်သေဆုံးနေကြောင်း စစ်ဆေး တွေ့ရှိရသဖြင့် ဓမ္မတာ အတိုင်း ဟုတ်/ မဟုတ် စုံစမ်းစစ်ဆေးနိုင်ရန် ငဖဲမြို့နယ်၊ မြို့မရဲစခန်း သေမှုသေခင်း အမှတ်စဉ် ၁၂/၂၀၁၅ အရ အမှုဖွင့် အရေးယူဆောင်ရွက် လျှက်ရှိကြောင်း သတင်း ရရှိ သည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment