Monday, December 14, 2015

အသက်​​မွေးဝမ်း​​ကျောင်းအ​ထောက်​အကူပြုစက်​ချုပ်​သင်​တန်းဖွင့်​ပွ


နတ်​​မောက်​            ဒီဇင်​ဘာ ၁၂
မ​ကွေးတိုင်း​ဒေသကြီးနတ်​​မောက်​မြို့နယ်​​ကျေးလက်​​ဒေသဖွံ့ဖြိုးတိုးတက်​​ရေးဦးစီးဌာနမှကြီးမှူးဖွင့်​လှစ်​သည့်​အသက်​​မွေးဝမ်း​ကျောင်းအ​ထောက်​အကူပြုစက်​ချုပ်​သင်​တန်းဖွင့်​ပွဲကိုဒီဇင်​ဘာ၁၁ရက်​နံနက်​၉နာရီကရန်​​အောင်​မြင်​ရပ်​ကွက်​သ/မ​ဆေးခန်းတွင်​ကျင်းပသည်​။
အခမ်းအနားသို့တိုင်း​ဒေသကြီးလွှတ်​​တော်​ကိုယ်​စားလှယ်​ဦး​နေဝင်း၊မြို့နယ်​အုပ်​ချုပ်​​ရေးမှူးဦး​ဌေ​အောင်​၊မြို့နယ်​​ကျေးလက်​​ဒေသဖွံးဖြိုးတိုးတက်​​ရေးဦးစီးဌာနဦးစီးမှူးဦးစိုးမင်းထွန်းနှင့်​ဝန်​ထမ်းမိသားစုများ၊မြို့နယ်​အ​ထောက်​အကူပြု​ကော်​မတီဝင်​များ၊မြို့နယ်​ဌာနဆိုင်​ရာများနှင့်​သင်​တန်းသူများတက်​​ရောက်​ကြသည်​။အဆိုပါသင်​တန်းတွင်​သင်​တန်းသူ၅၀ဦးသင်​ယူမည်​ဖြစ်​၍သင်​တန်းဆရာ၅ဦးမှသင်​တန်းပို့ချသွားမည်​ဖြစ်​ရာသင်​တန်းကာလမှာတစ်​လသင်​တန်းဖြစ်​​ကြောင်းသိရသည်​။      လှဝင်း(နတ်​​မောက်​)

0 comments:

Post a Comment