Saturday, December 26, 2015

မင်းဘူးမြို့ ဒီဇင်ဘာလ စတုတ္တပတ် စုပေါင်း လူထုလမ်းလျှောက်ပွဲ ပျော်ရွှင်စွာ ကျင်းပ

မင်းဘူး          ဒီဇင်ဘာ         ၂၆
မကွေးတိုင်းဒေသကြီး၊မင်းဘူးမြို့နယ် ဒီဇင်ဘာလ လူထုအားကစားလှုပ်ရှားမှု စုပေါင်းလမ်းလျှောက်ပွဲ အခမ်းအနားအား ဒီဇင်ဘာလ (၂၆)ရက်နေ့ နံနက်(၅)နာရီအချိန်က အ.ထ.က(၂)ကျောင်းရှေ့မှ စတင်၍ စည်းကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
အဆိုပါလူထုလမ်းလျှောက်ပွဲသို့ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော် ဦးဆောင်သော ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျောင်းဆရာ/ဆရာမများနှင့်ကျောင်းသား/ကျောင်းသူများ၊ မြို့ပေါ်ရပ်ကွက်များမှ ဒေသခံပြည်သူများ၊အင်းအား (၇၈၀)ဦးခန့် ပါဝင်ဆင်နွှဲခဲ့ကြသည်။လူထုလမ်းလျှောက်ပွဲအား မင်းဘူးမြို့ အ.ထ.က(၂) ကျောင်းရှေ့ စုရပ်မှ စတင်၍  ပြည်သူ့ပန်းခြံ၊ပြည်တော်သာလမ်း၊ အမှတ်(၃)/(၄)ရုံးလမ်း၊မှန်ကင်းလမ်းထောင့်မှတဆင့် ခရိုင်အားကစားကွင်း အတွင်းထိ ပျော်ရွှင်စွာ စုပေါင်းလမ်းလျှောက်ခဲကြပြီး  ခရိုင်အားကစားကွင်း အတွင်းသို့ ရောက်ရှိကာ ကာယလေ့ကျင့်ခန်းအမှတ်(၁)မှ(၁၀)ထိ ပျော်ရွှင်စွာ စုပေါင်း လေ့ကျင့်ဆောင် ရွက်ခဲ့ကြသည်။
ထို့နောက် လူထုအားကစားလှုပ်ရှားမှု စုပေါင်းလမ်းလျှောက်ပွဲတွင် ပါဝင်ဆင်နွဲကြသူများအား ကံစမ်းမဲ လက်မှတ်များဝေငှကာ TV; EVD အောက်စက်၊ထမင်းပေါင်းအိုးအပါအ၀င်ဆုမဲပေါင်း(၁၅၀)ကျော်အား မဲနိုက် ၍  ကံစမ်းမဲကံထူးရှင်များအား ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများမှ ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

တင်ထွန်းဦး(မင်းဘူး)

0 comments:

Post a Comment