Tuesday, December 22, 2015

တောင်ပေါ်ဒေသ ဂုတ်ကြီး-ပဇီ ကျေးရွာချင်းဆက်လမ်း ကျောက်ရောမြေခင်းခြင်းလုပ်ငန်း ကြည့်ရှုစစ်ဆေး




ငဖဲ     ဒီဇင်ဘာ  ၂၁
                   မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်တွင် မြို့နယ်ကျေးလက်ဒေသဖွံ့မြိုးတိုး တိုးတက်ရေးဦးစီးဌာနမှဆောင်ရွက်သည့် သဘာဝဘေး အန္တရာယ် (ရေးဘေး)ကြောင့် ပျက်စီးသွားသော တောင်ပေါ်ဒေသ ဂုတ်ကြီး-ပဇီ ကျေးရွာချင်းဆက်လမ်း ကျောက်ရောမြေခင်းခြင်းလုပ်ငန်းအား ယနေ့နံနက် ၁၀ နာရီက မင်းဘူးခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး နှင့် ဦးစီးအရာရှိ (နည်းပညာ)တို့မှ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ရာ မြို့နယ်ဦးစီးမှူးမှ လုပ်ငန်းဆောင်ရွက်ပြီးစီးမှု နှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီး ခရိုင်ဦးစီးမှူးမှ လုပ်ငန်း အန္တရာယ်ကင်းရှင်းရေး၊ သတ်မှတ်ရက်အတွင်းပြီးစီးရေးနှင့် စံချိန်စံညွှန်းနှင့်အညီပြည့်မှီအောင်ဆောင်ရွက် သွားရန်မှာကြားခဲ့ကြောင်း သိရသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment